သတင်းများ

မိုင်းယုမြို့၌ ဟိုခိုတံတားအနီးရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်မှ သွားလာခွင့်ကတ်ပြားနှင့် M.O ပါမှသာ အဝင်/ထွက် ခွင့်ပြုမည်
Dec 07,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဟိုခိုတံတားအနီးရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ ခရီးသွားလာသူများ သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူး၏ သွားလာခွင့် ကတ်ပြားနှင့် ဌာနဆိုင်ရာဖြင့်ပါက M.O ပါမှသာ အဝင်/ထွက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အသိပေးနှိုးဆော်ခဲ့သည်။
မိုင်းကိုင်မြို့နယ်၊ တောင်ပေါ်ဒေသ ကျေးရွာချင်းဆက် မြေသားလမ်း စတင်ဖောက်လုပ်
Dec 07,2020
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကုံးလုံးကျေးရွာအုပ်စုနှင့် လွိုင်ကုန်ကျေးရွာအုပ်စုအတွင်းရှိ ကောင်းဖယ်- လုတ်ကန်း ကျေးရွာချင်းဆက် မြေသားလမ်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှစတင်၍ ဖောက်လုပ်လျက်ရှိသည်။
Microsoft Excel For Accounting နှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ဝန်ထမ်းများအား ငွေစာရင်း ” ဌစ ” များကို သိရှိနားလည်ပြီး Microsoft Excel ဖြင့်စာရင်းများ မှန်မှန်ကန်ကန် မြန်ဆန်စွာ ပြုစုနိုင်ရန် ရည်ရွယ်၍ Microsoft Excel For Accounting နှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို Online စနစ်ဖြင့် သင်ကြားပို့ချ ပေးလျက်ရှိကြောင်း သိရသည်။
ဗန်းမောက်မြို့ ဘုရာကြီးကွက်သစ် လမ်းသွယ်နှစ်ခု ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး ကျောက်ချောလမ်း ခင်းကျင်းဆောင်ရွက်
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဘုရားကြီးကွက်သစ် လမ်းသွယ် (၁)နှင့် လမ်းသွယ်(၂) ကျောက်ချောလမ်းခင်းကျင်း အရှည်ပေ (၁၆၀၀)ပေအား ရပ်ကွက်နေပြည်သူများ ရာသီမရွေး သွားလာနိုင်ရန်အတွက် ကျောက်ချောလမ်းအဖြစ် စတင်ခင်းကျင်းခြင်းလုပ်ငန်းကို ယမန်နေ့စတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ အမှုဆောင်အရာရှိ ဦးနေလင်းသိန်းထံမှ သိရသည်။
မင်းဘူးမြို့(စကု)မြို့နယ်တွင် A အဆင့်သတ်မှတ်ထားသော စားသောက်ဆိုင်ပေါင်း (၆၉)ဆိုင်ကို ဆိုင်ထိုင်စနစ်ဖြင့် ပြန်လည်ရောင်းချခွင့်ပြု
Dec 06,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ရောင်းချနေသော စားသောက်ဆိုင်များထဲမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြင်ဆင်ထားရှိပြီး A အဆင့် သတ်မှတ်ထားသော စားသောက်ဆိုင် (၆၉)ဆိုင်ကို ယမန်နေ့က ပြန်လည်ရောင်းချခွင့်ပြုခဲ့ပြီး ယနေ့နံနက်ပိုင်းက အဆိုပါဆိုင်များကို သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ခင်ဦးမြို့၌ (A)အဆင့် သတ်မှတ်ထားသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ရှောင်တခင်စစ်ဆေး
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့၌ ဆိုင်ထိုင်စားသောက်ဖွင့်လှစ်နိုင်ရန် (A) အဆင့်သတ်မှတ် ထားသည့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ယနေ့ နံနက်ပိုင်းက ရှောင်တခင် စစ်ဆေးခဲ့သည်။
ငါန်းဇွန်မြို့နယ်တွင် ဈေးရောင်းဈေးဝယ်နှင့် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေး Mask Campaign ပြုလုပ်
Dec 06,2020
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့သာကျေးရွာအုပ်စု မြို့သာအရှေ့ကျေးရွာတွင် ယနေ့နံနက် ၈ နာရီအချိန်က မြို့သာစည်ပင်သာယာဈေးအတွင်းနှင့် ပတ်ဝန်းကျင်ရှိ ဈေးရောင်းဈေးဝယ်နှင့် ခရီးသွား ပြည်သူများအာ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဆောင်အဖွဲ့မှ Mask Campaign ပြုလုပ်ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
မတ္တရာမြို့နယ်၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအဖြစ် Mask များ ပေးဝေ
Dec 06,2020
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး လှုပ်ရှားမှု အဖြစ် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက မြို့မစျေးကြီးတွင် ဆောင်ရွက်ခဲ့သည်။