ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်/မြို့ထွက်ဂိတ်များတွင် အသွားအလာကန့်သတ်စောင့်ကြပ်စစ်ဆေးလျက်ရှိ
Dec 07,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့ဝင်/မြို့ထွက် ဂိတ်များဖြစ်သော ကြာအင်းဆိပ်ကြီးမြို့ မော်လမြိုင်လမ်း (မော်တော်ယာဉ်ဝန်းအရှေ့ဘက်)၊ မြို့လယ်ပိုင်းနှင့် အမှတ်(၄) ရပ်ကွက် ဆိပ်ကမ်း၊ ကြာအင်းဆိပ်ကြီး ကော့ကရိတ်လမ်း (ကျိုက်ဒုံလမ်းဆုံ) ဂိတ်များတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ လူမှုရေးအဖွဲ့အစည်းများက အသွားအလာ ကန့်သတ် စောင့်ကြပ်စစ်ဆေးလျက်ရှိသည်။