မြိတ်မြို့ ဆိပ်ငယ်ဈေးကြီး မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ် ဇာတ်တိုက်လေ့ကျင့်
Dec 06,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်ဈေးကြီးတွင် မီးဘေးကြိုတင် ကာကွယ်ရေး၊ ဈေးအတွင်း တပ်ဆင်ထားသော မီးသတ်ပစ္စည်းကိရိယာများ၏ စွမ်းဆောင်နိုင်မှု အခြေအနေ သိရှိနိုင်ရန်နှင့် အရေးပေါ်ဖြစ်ပွားပါက မီးသတ်တပ်ဖွဲ့မှ လွယ်ကူစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် ဈေးမီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။