သတင်းများ

စဉ့်ကိုင်မြို့နယ် ဗျင်္ညားလောကျေးရွာ၌ကိုဗစ်-၁၉ရောဂါ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 06,2020
မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်-၁၉  ကူးစက်ရောဂါ ပိုးနှင့် အနံ့ပျောက်သူ အများဆုံးတွေ့ရှိသည့် ဗျင်္ညားလော ကျေးရွာ၌ ယနေ့နံနက် (၉)နာရီက အဆိုပါ ကျေးရွာအတွင်းရှ ိနေအိမ်များသို့ တစ်အိမ်တက်တစ်အိမ်ဆင်းလိုက်လံ၍ ကျန်းမာရေး  အသိပညာပေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက်‌ ကျွေးထိုးနှံခြင်း ဆောင်ရွက်
Dec 06,2020
မိုင်းလုံမြို့တွင် မွေးကင်းစမှ အသက် (၁)နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး တိုက် ကျွေးထိုးနှံခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ တိုက်နယ်ကျန်းမာရေးဌာနတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျေးရွာများတွင် မွေးစမှ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်း ဆောင်ရွက်
Dec 06,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကလေးငယ်များကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါ တို့မှ ကင်းဝေးစေရန်ရည်ရွယ်၍ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တောင်စွန်း ကျေးရွာနှင့် ကမော့လဲ(မအဲ)ကျေးရွာ ကျေးလက် ကျန်းမာရေး ဌာနခွဲ၌ ဆောင်ရွက်ခဲ့သည်။
ဝန်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လေးလက်မ စက်ရေတွင်း တူးဖော်လျက်ရှိ
Dec 06,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် ကျောက်ပါးစပ်ကျေးရွာတွင် ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တွင်းတူးစက်ကြီးဖြင့် လေးလက်မစက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းကို ယမန်နေ့မှ စတင်ဆောင်ရွက်လျှက်ရှိကြောင်း သိရ သည်။
ဒိုင်းပြကျေးရွာအုပ်စု ဒိုင်းပြကုန်းကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းသစ် ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီး
Dec 06,2020
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့်ဆောင်ရွက်နေသော ကရင်ပြည် နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း) ဒိုင်းပြကျေးရွာ အုပ်စု၊ ဒိုင်းပြကုန်းကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း
နွေရာသီကာလ သောက်သုံးရေရှားပါးမှုအတွက် တစ်နာရီလျှင် ရေဂါလံ ၁၅၀၀ ခန့် ထွက်ရှိသည့် စက်ရေတွင်းတူးဖော်ပေးနိုင်ခဲ့
Dec 06,2020
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ သစ်ကြီးတောကျေးရွာတွင် နွေရာသီ ကာလသောက်သုံး ရေရှား ပါးမှု မရှိစေရေးနှင့်သန့်ရှင်းသော သောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲ နိုင်စေရေးတို့အတွက် တစ်နာရီလျှင် ရေဂါလံ၁၅၀၀ခန့် ထွက်ရှိ သည့် စက်ရေတွင်း တစ်တွင်း တူးဖော်ပေးနိုင်ခဲ့ကြောင်း သိရသည်။
အွန်လိုင်းစနစ်ဖြင့် စာကြည့်တိုက်ဝန်ဆောင်မှု လုပ်ငန်းဆိုင်ရာများ တတိယအကြိမ် အလုပ်ရုံ ဆွေးနွေး
Dec 06,2020
ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ပြည်ခရိုင်နှင့်သာယာဝတီခရိုင်အတွင်းရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးများနှင့် ဂျပန်နိုင်ငံ ရှန်တီ စေတနာ့ ဝန်ထမ်းအဖွဲ့ Shanti Volunteer Association( SVA)  တို့ ပူးပေါင်းဆောင်ရွက်သော ၂၀၂၀ပြည့်နှစ် တတိယ အကြိမ် မြောက် စာကြည့်တိုက် ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ၄ ရက်ကြာ ကျင်းပပြုလုပ်ကြောင်းသိရသည်။
ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် ကျေးလက်ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ အသိပညာပေးခြင်း နှင့် mask campaign ပြုလုပ်ဆောင်ရွက်
Dec 06,2020
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ မြို့မစျေးတွင် စျေးရောင်းသူများနှင့် စျေးဝယ်သူများအား ကိုဗစ်- ၁၉ ရောဂါအသိပညာပေးခြင်းနှင့် mask campaign ပြုလုပ် ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၈ နာရီတွင် ဘုရားသုံးဆူမြို့ ကျေးလက်ကျန်းမာရေး ဌာနက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။