သတင်းများ

ဘောဂလိမြို့ ဖူးစံအေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်
Dec 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းသန့်ရှင်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ် ခင်းခြင်း လုပ်ငန်း များကို ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျောက်တန်းမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ(၁၄) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ဆေးရုံမှ ဆင်းခွင့်ရရှိ
Dec 04,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ (ရွှေမှော်ဝန်းသာသနာ့ဗိမာန်) တွင် ဆေးကုသမှုခံယူနေသော ကိုဗစ်ပိုးတွေ့လူနာ(၁၄) ဦး ကျန်းမာရေးကောင်းမွန်လာ၍ ယနေ့ နံနက်ပိုင်း ကဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ် အ.ထ.က(၁)ကျောင်း Quarantine Centre တွင် အလှူရှင်များမှ ​ကြက်ဥနှင့် အလှူငွေများ လာရောက်လှူဒါန်း
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် (ဆ)ရပ်ကွက် အ.ထ.က(၁)ကျောင်း တွင် ဖွင့်လှစ်ထားသည့် Quarantine Centre ၌ Quarantine ဝင်ရောက်နေသူများနှင့် Volunteer များ အတွက် အလှူရှင်များမှ ​ကြက်ဥများနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အလှူငွေများကို ယနေ့ နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် Mask Campaign နှင့်အသိပညာပေးခြင်းလုပ်ငန်းများကို အပတ်စဉ် တစ်ပတ်လျှင်(၂)ကြိမ် ဆောင်ရွက်
Dec 04,2020
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ အား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် Mask Campaign နှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက်(၇) နာရီခွဲအချိန်က ဖာပွန်မြို့၊ အမှတ်(၂) ရပ်ကွက် မြို့မရွှေကျောင်းရှေ့၌ ဆောင် ရွက်လျက် ရှိကြောင်း သိရှိရသည်။
ရမည်းသင်းမြို့နယ် သဲကွဲကျေးရွာ၌ ကုန်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့်စစ်ဆေးရာမှ (၄)ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေရှိ
Dec 04,2020
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် သဲကွဲစစ်ဆေးရေးဂိတ်တွင် ကိုဗစ် ၁၉ ရောဂါပိုး ပြန့်ပွားမှုမရှိစေရေးအတွက် ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို RDT Test Kitဖြင့် ကိုဗစ်၁၉ရောဂါပိုး စစ်ဆေးပေးလျက်ရှိရာ ဒီဇင်ဘာ(၃)ရက်နေ့တွင် ယာဉ်မောင်းနှင့် နောက်လိုက် (၄)ဦးတွင်ကိုဗစ် ၁၉ရောဂါပိုးစစ်ဆေးတွေ့ရှိသဖြင့် ရမည်းသင်းခရိုင်ပြည်သူ့ဆေးရုံကြီး သီးခြားဆောင်သို့ပို့ဆောင်ကာ ဆေးကုသမှုများပေး လျက်ရှိကြောင်းသိရသည်။
မိုင်းယုမြို့၌ တာချီလိတ်မှပြန်လည်ဝင်ရောက်လာသူဒေသခံ (၈) ဦး အား Quarantine ထားရှိ၍ ကိုဗစ်-၁၉ ရောဂါ Antigen (RDT)Test Kit ဖြင့် စစ်ဆေးရာ ပိုးမတွေ့
Dec 04,2020
ရှမ်းပြည်နယ်အရှေ့ပိုင်၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့သို့ ခရီးသွားဒေသခံပြည်သူ တာချီလိတ်မြို့နယ်မှ ပြန်လည်ဝင်ရောက်လာသူ(၈)ဦးကို ယနေ့ နံနက် ၆ နာရီက Antigen (RDT)Test Kit ဖြင့် စစ်ဆေးခဲ့ကြသည်။
ညောင်လေးပင်မြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူများ နှာခေါင်းစည်း တပ်ဆင်သွားလာရေး အတွက် Mask Campaign ပြုလုပ်ခြင်းကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်
Dec 04,2020
ညောင်လေးပင်မြို့နယ်တွင် ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်အတွက် ဌာနဆိုင်ရာ များ၊ မီးသတ်၊ ကျန်းမာရေးဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ Mask Campaign ပြုလုပ်ခြင်းကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြသည်။