သတင်းများ

နောင်ချိုမြို့မစျေးအတွင်း ရောင်းချနေသော အာဂျီနိုမိုတိုဟင်းခတ်အချိုမှုန့်များ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး
Dec 04,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့မစျေးအတွင်း ရောင်းချနေသော အာဂျီနိုမိုတို ဟင်းခတ်အချိုမှုန့်များ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို ယနေ့နေ့လယ်(၂)နာရီအချိန် က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း ကို ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ယမန်နေ့ နှင့်ယနေ့နံနက်ပိုင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ‌နေ့အခမ်းအနား Online ဖြင့်ကျင်းပ
Dec 04,2020
(၂၀၂၀)ပြည့်နှစ် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများ​နေ့အခမ်းအနားကို ကရင်ပြည်နယ် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ​ကော်မတီ၏ ဦး​ဆောင်မှုဖြင့် ယ‌‌မန်နေ့မွန်းလွဲ ၃နာရီက Online ဖြင့် ကျင်းပရာ ကရင်ပြည်နယ်မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ​ကော်မတီဒုတိယဥက္ကဋ္ဌ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဦးဘိုဘိုဝေမောင် တက်ရောက်အမှာစကား ပြောကြားခဲ့ ပါသည်။
သိန္နီမြို့တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ကွန်ကရစ်တံတားတည်ဆောက်ခြင်း လုပ်ငန်းကွင်းဆင်းစစ်ဆေး
Dec 04,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ ရပ်ကွက်(၁)နှင့် ရပ်ကွက်(၂)အကြားရှိ ရေမြောင်းပေါ်တွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ကွန်ကရစ်တံတား တည်ဆောက်ခြင်းလုပ်ငန်းကို ယနေ့မွန်းလွဲပိုင်း က မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင် ဦးဆောင်၍ တာ၀န်ခံအင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂) ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်းပါ၀င်ကာ ကွန်ကရစ်တံတား တည်ဆောက်နေမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် သာစည်ကျေးရွာတွင် ကုန်ထုတ်လမ်းဖောက်လုပ်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းများဆောင်ရွက်
Dec 04,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက သာစည်ကျေးရွာတွင် ကုန်ထုတ်လမ်းများ လျာထားဆောင်ရွက်နိုင်ရေး ကွင်းဆင်းတိုင်းတာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
နတ်တလင်းမြို့တွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများဆောင်ရွက်
Dec 04,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြို့နယ်ကျန်းမာရေးဦးစီး ဌာနမှ နတ်တလင်းမြို့ပေါ် လေးရပ်ကွက်ရှိ ကလေးငယ်များနှင့် ကိုယ်ဝန် ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းကို ယနေ့ နံနက် ၈ နာရီမှစ၍ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံးတွင် ဆောင်ရွက်လုပ်ကိုင် ကြသည်။
လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် တောင်သူမှတောင်သူသို့ နည်းပညာမျှဝေခြင်း ကွင်းသရုပ်ပြပွဲ
Dec 04,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာတွင် တောင်သူများ ‌တစ်ဦးနှင့်တစ်ဦး စိုက်နည်းပျိုးနည်း နည်းပညာများ ဖလှယ်ကာလယ်ယာကဏ္ဌပိုမိုဖွံဖြိုးတိုးတက်လာစေပြီး ဈေးကွက်ကောင်း တခုရရှိ၍ ဝင်ငွေတိုးပွားလာကာ ကျန်းမာသန့်ရှင်း‌သောအစာအာဟာရများ ထုတ်ကုန်များ ရရှိစေရန်အတွက် ရည်ရွယ်၍ ယမန်နေ့က ဆောင်ရွက်ခဲ့ရာ ကရင်ပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှုး ဦးသန်းလှိုင် လာရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။