သိန္နီမြို့တွင် မြို့တွင်းလမ်းကောင်းမွန်စေရေးအတွက် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး
Dec 04,2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့ ရပ်ကွက်(၁)အတွင်းရှိ မြို့တွင်းလမ်းဖြစ်သော မန္တလေးလမ်း (ဒူးယားလမ်းနှင့်အထက၁ကျောင်းလမ်းကြား)၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပထမ(၃)လပတ် ငွေလုံးငွေရင်းရန်ပုံငွေ(ပြည်နယ်ဘတ်ဂျက်)ဖြင့် ဆောင်ရွက်သည့် ကတ္တရာထပ်ပိုးခင်းခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးညီညီမောင်ဦးဆောင်၍ တာ၀န်ခံအင်ဂျင်နီယာဦးဇေယျာမင်းထွန်း၊ အငယ်တန်းအင်ဂျင်နီယာ(၂)ဒေါ်သက်ဇင်ဦးတို့ ပူးပေါင်းပါ၀င်ကာ ကတ္တရာခင်းခြင်းလုပ်ငန်းကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။