သတင်းများ

ဆွမ်ပရာဘွမ်မြို့နယ်၌ အင်ဆိုင်းယန်ကျေးရွာ ကွင်းအမှတ် OSS ကွင်း လယ်ယာမြေတွင် မိုးစပါးစံကွက် ရိတ်သိမ်း
Dec 04,2020
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးစီး၍ ခင်ဒူယန်ကျေးရွာအုပ်စု၊ အင်ဆိုင်းယန်ကျေးရွာ ကွင်းအမှတ် OSS ကွင်း၌ ဖော်ထုတ်ပေးထား လျက်ရှိသော လယ်ယာမြေတွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ မွန်းလွဲ ၃ နာရီက သက်ဆိုင်ရာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အတူ စံကွက်ရိတ်သိမ်းခဲ့သည်။
တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်ရေး ကော်မတီဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့နံနက်ပိုင်း အချိန်က တာမွေမြို့နယ် လေးထောင့် ကန်လမ်းမကြီးပေါ်ရှိ စူပါဝမ်း စျေးဝယ်စင်တာတွင် စျေးလာရောက် ဝယ်ယူကြသူများအား နှာခေါင်းစည်း (Mask) နှင့် မျက်နှာကာ (Face shield) များ အခမဲ့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပေးခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခဲ့ကြသည်။
ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ နေရပ်ပြန်အသွားအလာစောင့်ကြည့်သူများအတွက်အသုံးပြုရန် လူနာတင်ယာဉ် (Ambulance) တစ်စီး ဝယ်ယူ‌ရေးအလှူငွေများဆက်လက်ပေးအပ်လှူဒါန်း
Dec 04,2020
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ကျေးရွာရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီအနေဖြင့် နေရပ်ပြန်စောင့်ကြည့်ရေးစခန်းအတွက် အသုံးပြုရန် လူနာတင်ယာဉ် (Ambulance)တစ်စီး ဝယ်ယူနိုင်ရေး နိုဝင်ဘာ ၂၇ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့ အထိ ကံပေါက်‌ကျေးရွာ ကိုဗစ်_၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီသို့ အလှူရှင်များ လာရောက်လှူဒါန်းလျက်ရှိကြောင်းသိရသည်။
သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ Infrared Thermometer နှင့် CCTV များလှူဒါန်း
Dec 04,2020
တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ကုသရေးအတွက် Infrared Thermometer နှင့် CCTV များလာရောက်လှူဒါန်းခြင်းကို ယနေ့ နေ့လယ် ၁ နာရီက သရက်ချောင်းမြို့နယ်ပြည်သူ့ဆေးရုံ၌ လှူဒါန်းခဲ့ကြသည်။
နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေ‌ကာ အသိပညာပေးခြင်းများ ခရမ်းမြို့တွင် ဆက်လက်ဆောင်ရွက်
Dec 04,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်က လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများတွင်‌ နေ့စဉ်အရှိန် အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ရွှေကူမြို့နယ် IDP Camp များရှိ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Dec 04,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် IDP Camp များရှိ နေရပ်စွန့်ခွာပြောင်းရွှေ့ နေထိုင်သော အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူး စီမံချက်ရုံးမှ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်အတွင်းရှိ IDP Camp စခန်းများ၌ ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ကလိန်အောင်မြို့၌ အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများဆွေးနွေးပွဲTalk Show အစီအစဉ်ဆောင်ရွက်
Dec 04,2020
၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင်ကျရောက်မည့် နှစ်(၁၀၀)ပြည့်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများဆွေးနွေးပွဲ (Talk Show)အစီအစဉ် ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centreခန်းမ၌ ယနေ့နေ့လယ် (၁)နာရီက ကျင်းပ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိစစ်ဆေး
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ကို ယမန်နေ့ နံနက်(၈)နာရီအချိန်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။