သတင်းများ

ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ဆက်လက်ကျင်းပ
Dec 04,2020
ဒုတိယအကြိမ် ချင်းပြည်နယ်လွှတ်တော် (၂၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပရာ ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ ပြည်နယ်လွှတ်တော်ဉက္ကဋ္ဌ ဦးဇိုဘွဲ၊ ပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်(၂၁)ဦး တက်ရောက်ကြပြီး အစည်းအဝေးကို အစီအစဉ်(၁၀)ခုဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံ​မြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် လမ်းသွားလမ်းလာပြည်သူများအား Mask တပ်ဆင်အသုံးပြုရေး အသိပညာပေး ဆက်လက်ဆောင်ရွက်
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် ၊ဒဂုံ​မြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ အတွင်း ယမန်နေ့ နံနက်(၁၀) နာရီအချိန် မှ နေ့လယ် ၁၂ နာရီအချိန်ထိ အမှတ်(၉၁)ရပ်ကွက်ရှိ ပဲခူးမြစ်လမ်းမ​နှင့် ယုဇနမုခ်ဦးထောင့်၌ stay at home ကာလ အကြောင်းမဲ့ပြင်ပသို့ ထွက်ရှိမှု မရှိစေရေး မြို့နယ် ကိုဗစ်-၁၉ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဝင်များဖြစ်သော မြို့နယ် အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာနမှ
ဗန်းမောက်-ဝန်းသိုလမ်းပေါ်ရှိ အောင်သာကုန်းချောင်းကူး တံကူကွန်ကရစ်တံတား (၁၀၀) ရာခိုင်နှုန်းပြီးစီး၍ ဖွင့်လှစ်တော့မည်
Dec 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုး‌ရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဗန်းမောက်-ဝန်းသို-ကောလင်းလမ်းပိုင်းပေါ်၌ တည်ရှိသော အောင်သာကုန်း ချောင်းကူးတံတား (၁၀၀) ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေ၍ ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သတ်မှတ် စည်းကမ်းနှင့်အညီ ဖွင့်လှစ်ရောင်းချရေး ကြပ်မတ်စစ်ဆေးပညာပေး
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်းရှိ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင် များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ရောင်းချ ရေး လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိအား ကြပ်မတ်စစ်ဆေး ပညာပေးခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်အဆင့် ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ ဖြစ်ကြသည့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိ သူများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သွားရောက်စစ်ဆေးပညာပေးခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်စေရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနား ပြုလုပ်
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အမျိုးသမီးကော်မတီမှ ကြီးမှူး၍ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုရပ်တန့်စေရေး ၁၆ ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် ၁၁နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ဆောင်းသီးနှံ လျာထားချက်ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းကြီးကြပ်ဆောင်ရွက်
Dec 04,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်းတွင် လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ လျာထားချက် ပြည့်မှီစွာ စိုက်ပျိုးနိုင်ရေးအတွက် အင်းတော်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန မဲဇာနည်းပညာပေးစင်တာမှ စိုက်ပညာရှင်ဝန်ထမ်းများက ၂၀၂၀ ခုနှစ်၊ ယမန်နေ့က နယ်မြေအတွင်းရှိ တောင်သူ ဦးလင်းအောင်၏ ဆောင်းနေကြာ ရေဆင်း ( ၁ ) စိုက်ပျိုးမှု အခြေအနေအား ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေး ရေတာရှည်မြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ညှိနှိုင်းဆောင်ရွက်
Dec 04,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပွယ်စေးသည်​ရေတာရှည်မြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၌ လုပ်ငန်းညှိနှိုင်းဆွေးနွေး ဆောင်ရွက် ခဲ့သည်။
တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယာဉ်များ ပြင်ပသို့ အကြောင်းမဲ့သွားလာခြင်း မရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများဆောင်ရွက်
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အရေးကြီးကိစ္စမှအပ မလိုအပ်ဘဲ ယာဉ်များပြင်ပသို့ အကြောင်းမဲ့ သွားလာခြင်းမရှိစေရေး စစ်ဆေးခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ နေ့လယ် (၃)နာရီအချိန်က ဆောင်ရွက်ခဲ့ ကြသည်။