သတင်းများ

တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲအား Online မှ တစ်ဆင့်ကျင်းပ
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံဆွေးနွေးပွဲအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Online Zoom Meeting ဖြင့် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော် ဘောဂသီရိနှင့် မြို့မဈေးကားဂိတ်အချို့ Lock Down ချထား
Dec 04,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော် ဘောဂသီရိကားဝန်းရှိ ကားဂိတ်တစ်ခုမှ ယာဉ်မောင်းတစ်ဦးသည် Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် ကွာရန်တင်း ဝင်ခဲ့ရာ Covid-19 ရောဂါပိုး တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သူ (၈) ဦးအား ကွာရန်တင်း ထားရှိ၍ Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ဘောဂသီရိကားဝန်းမှ နှစ်ဦး၊ မြို့မဈေးအဆိုပါဂိတ်မှ သုံးဦး၊ စုစုပေါင်း ငါးဦးတို့သည် Covid-19 ရောဂါပိုးရှိကြောင်း ထပ်မံတွေ့ရှိရသဖြင့် ဘောဂသီရိကားဝန်းရှိ ၎င်းဂိတ် (၈) ခန်းတွဲ အဆောက်အဦ (၂) လုံးကို Lock Down ချထားပြီး၊ ၎င်း ဘောဂသီရိကားဝန်းအတွင်းရှိ စားသောက်ဆိုင်များကို ပိတ်ထားကြောင်း၊ ကားဝန်း အဝင်/အထွက် နေရာများတွင်လည်း Mask တပ်ဆင်ပြီးမှသာ ဝင်ထွက်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။
တန့်ယန်းမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းလိုက်နာဆောင်ရွက်ရေး အသိပညာပေး
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကာလအတွင်း မော်တော်ယာဉ်နှင့် လမ်းအသုံးပြုသူများ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်း ရဲတပ်ဖွဲ့စိတ်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီလိုက်နာနိုင်ရေးအား ပြည်သူများ လိုက်နာနိုင်ရေးအတွက် အသိပညာပေးလျက်ရှိသည်။
ထန်းတပင်မြို့နယ်သို့ ဒုတိယအကြိမ်မြောက် စျေးကားများဖြင့် အခြေခံစားသောက်ကုန်များအား လာရောက်ရောင်းချ
Dec 04,2020
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလ အခြေ ခံ စားသောက်ကုန်များကို အများပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရေးအတွက် မြို့နယ်များ အတွင်းသို့ Mobile Market စျေးကားများဖြင့် အခြေခံစားသောက်ကုန်ပစ္စည်းများကို စျေးနှုန်းချိုသာစွာဖြင့် လှည့်လည်ရောင်းချပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ရန်ကုန် မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်သို့ အခြေခံစားသောက်ကုန်ပစ္စည်းများကို စျေးကားများဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံ ၍ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ် မြို့မဈေးကြီးအတွင်း ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်း ချခြင်းရှိ/မရှိစစ်ဆေး
Dec 04,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် မြို့မဈေးကြီးအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဈေးရောင်းချ ခြင်းရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့ နံနက် ၈ နာရီက ဈေးကြီးအတွင်း လှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 04,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု အဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။
မိုင်းယောင်းမြို့နယ်၌ ပထမဆုံး ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေ့ရှိ
Dec 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာ၍ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူသူ အမျိုးသမီး သုံးဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းနောင်မြို့တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အသက်(၂)လ မှ(၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယနေ့ နံနက်(၈)နာရီ အချိန်က မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။