သတင်းများ

မိုင်းယောင်းမြို့နယ်၌ ပထမဆုံး ကိုဗစ်-၁၉ ပိုးကူးစက်ခံရသူတွေ့ရှိ
Dec 04,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၌ ရောဂါဖြစ်ပွားရာ မြို့နယ်မှ ပြန်လာ၍ အသွားအလာကန့်သတ်စောင့်ကြည့်မှုခံယူသူ အမျိုးသမီး သုံးဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုင်းနောင်မြို့တွင် အသက်(၂)လမှ (၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းများ ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့တွင် အသက်(၂)လ မှ(၁)နှစ်ခွဲအထိ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများကို ယနေ့ နံနက်(၈)နာရီ အချိန်က မိုင်းနောင်တိုက်နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့သည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ Quarantine ဝင်ရောက်နေသူများနှင့် Volunteer အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Rapid Diagnostic Test Kit ဖြင့်စစ်ဆေး
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် Quarantine ဝင်ရောက်နေသူများနှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်နေကြသည့် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/ မရှိ Rapid Diagnostic Test Kit ဖြင့် စစ်ဆေး ခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်အတွင်းရှိ Quarantine Center များတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ နည်းပညာဆွေးနွေးဖလှယ်ပွဲကျင်းပ
Dec 04,2020
စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ UNFAO တို့ ပူးပေါင်း ဆောင်ရွက်သည့် ဒေသခံစိုက်ပျိုးရေး တောင်သူများနှင့်စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ နည်းပညာဆွေးနွေးဖလှယ်ခြင်းကို ယမန်နေ့ နံနက်၉နာရီခွဲအချိန် က ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
ကွမ်းခြံကုန်းမြို့နယ် မြို့မ‌ဈေးကြီးအတွင်း မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် မဖြစ်‌ပေါ်စေရေးအတွက် ပူးပေါင်းစစ်ဆေးဆောင်ရွက်
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးဘေးလုံခြုံရေးနှင့် မီး‌ဘေးအန္တရာယ်‌ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စည်ပင်သာရေးအဖွဲ့၊ မြို့မဈေး ကော်မတီဝင်များ၊ ဈေးတာဝန်ခံရုံးမှ တာဝန်ရှိ သူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ယမန်နေ့ နံနက်ပိုင်းက မြို့မဈေးကြီးအတွင်း သွားရောက်စစ်ဆေး ဆောင်ရွက် ခဲ့သည်။
ပုဂံယဉ်ကျေးမှုအမွေအနှစ်များစုပေါင်းတည်ရှိရာဇုန်အတွင်း အမှိုက်ခွဲခြားစွန့်ပစ်မှုစနစ် လေ့ကျင့်ခြင်းအတွက် စမ်းသပ်လေ့ကျင့်ခြင်း၊ ဒေတာကောက်ယူခြင်းဆိုင်ရာ ရလဒ်များ ရှင်းလင်းတင်ပြခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်
Dec 04,2020
ပုဂံယဉ်ကျေးမှုအမွေအနှစ်များစုပေါင်းတည်ရှိရာဇုန်အတွင်း အမှိုက်ခွဲခြားစွန့်ပြစ်မှုစနစ် လေ့ကျင့်ခြင်းအတွက် ဒေသ (၅)ခုတွင် ကနဦးရှေ့ပြေးစမ်းသပ်လေ့ကျင့်ခြင်း ၊ ဒေတာ ကောက်ယူခြင်းဆိုင်ရာရလဒ်များအားချိတ်ဆက်၍ ရှေ့ဆက်လုပ်ဆောင်ရန်ရှင်းလင်းတင်ပြခြင်းနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာနရှိ အနော်ရထာခန်းမ တွင်ကျင်းပခဲ့ကြောင်းသိရသည်။
မြစ်ကြီးနားမြို့၌စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များယနေ့မှစ၍ပြန်လည်ရောင်းချခွင့်ပြု
Dec 04,2020
ကချင်ပြည်နယ်မြစ်ကြီးနားမြို့တွင် (A)အဆင့်သတ်မှတ်ခံရသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကို ယနေ့မှစ၍ ပြန်လည်ဖွင့်လှစ်ခွင့်ပေးသွားမည်ဖြစ်ကြောင်း မြစ်ကြီးနားမြို့ Covid-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး၌ အဓိက အရေးကြီးသည့် ပြင်ပထွက်ခွာချိန်တိုင်း Mask တပ်ဆင်မှုရှိစေရေးအတွက် Mask Campaign ကို အပတ်စဉ်ဆောင်ရွက်
Dec 04,2020
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင် ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှုရှိစေရေး အတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက Mask Campaign များကို အပတ်စဉ် ရပ်ကွက်များ၊ လမ်းများအလိုက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက အမှတ် ၁၀၈ ရပ်ကွက် ဦးဖိုးလှိုင်လမ်းတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။