သတင်းများ

မယ်စဲ့မြို့နယ်တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ပထမဆုံး ကိုဗစ် ၁၉ ပိုးတွေ့လူနာ တစ်ဦးတွေ့ရှိ
Dec 05,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ထိုင်းနိုင်ငံပြန်လည်ဝင်ရောက်လာသူ (၇)ဦးအား မြို့နယ်အားကစားရုံနှင့် မြို့နယ်ခန်းရှိ Quarantine သို့ ပို့ဆောင်ထားရှိခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Standard Q Rapid Aritigen Test kit (RDT) ဖြင့်စစ်ဆေးခဲ့ရာ မြို့နယ်ခန်းမ Facility Quarantine တွင်ဝင်ရောက်နေသူ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ) ခဲ့ပါသည်။
မယ်စဲ့မြို့နယ်တွင် RDT Test Kit ဖြင့် စစ်ဆေးရာ ပထမဆုံး ကိုဗစ် ၁၉ ပိုးတွေ့လူနာ တစ်ဦးတွေ့ရှိ
Dec 05,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ထိုင်းနိုင်ငံပြန်လည်ဝင်ရောက်လာသူ (၇)ဦးအား မြို့နယ်အားကစားရုံနှင့် မြို့နယ်ခန်းရှိ Quarantine သို့ ပို့ဆောင်ထားရှိခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ Standard Q Rapid Aritigen Test kit (RDT) ဖြင့်စစ်ဆေးခဲ့ရာ မြို့နယ်ခန်းမ Facility Quarantine တွင်ဝင်ရောက်နေသူ တစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ (ပိုးတွေ့ရှိ) ခဲ့ပါသည်။
စစ်ကိုင်းမြို့နယ်တွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးအတည်ပြုလူနာ (၂၄)ဦး တွေ့ရှိခဲ့သဖြင့် ပိုးတွေ့ လူနာအမြင့်ဆုံးဖြစ်ခဲ့
Dec 05,2020
စစ်ကိုင်းမြို့နယ်တွင် ဒီဇင်ဘာ(၃)ရက်နေ့(၂၄)နာရီအတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ ရှိသည့် အတည်ပြုလူနာ(၂၄)ဦးအထိတိုးလာသည့်အတွက် ပိုးတွေ့လူနာစတင်တွေ့ရှိမှုနေ့များ တွင် အများဆုံးစံချိန်ဖြစ်ခဲ့ကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှစာရင်းများအရ သိရသည်။
ရေဖြူမြို့နယ်တွင် ယခုနှစ်ရာသီပေါ်ကွမ်းသီး အစို အခြောက်ဈေး ဈေးကောင်းပြန်လည်ရရှိနေ
Dec 05,2020
နှစ်စဉ်သီတင်းကျွတ်ရာသီမှစ၍ စတင်ခူးဆွတ်လေ့ရှိသည့် ကွမ်းသီးဈေးနှုန်းသည် ရာသီအစတွင် ယခင်နှစ် ထက်ဈေးနှုန်း လျော့နည်းလျက်ရှိသော်လည်း ယခုအချိန်တွင်ဈေးကောင်းရနေပြီ ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ် မော်လမြိုင်မြို့တွင်သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည်
Dec 04,2020
မွန်ပြည်နယ်၊ မော်လမြိုင်မြို့သတ်မှတ်နေရာများ၌ အသွားအလာကန့်သတ်ထားရှိမည့် (၁၀)မြို့နယ် ဆောင် သို့ ယမန်နေ့ ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့မှတစ်ဆင့် ဝင်ရောက် လာသော နေရပ်ပြန်ကျား(၇၀)ဦးနှင့်မ(၅၇)ဦး စုစုပေါင်း(၁၂၇)ဦး ရောက်ရှိလာရာ တာဝန်ရှိသူများက လက်ခံ၍ အဖျားတိုင်းခြင်း၊ ၎င်းတို့တည်းခိုမည့် အဆောင်များသို့ နေရာချထားပေးကြောင်း သိရသည်။
သံတောင်ကြီးမြို့တွင် အပတ်စဉ် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများ ဆောင်ရွက်ပေး
Dec 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့ တိုက်နယ်ကျန်းမားရေးဌာနမှ အပတ်စဉ် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက သံတောင်ကြီး မြို့ပေါ်(၅)ရပ်ကွက်ရှိ ကိုယ်ဝန် ဆောင်များအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နောင်ချိုမြို့မစျေးအတွင်း ရောင်းချနေသော အာဂျီနိုမိုတိုဟင်းခတ်အချိုမှုန့်များ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး
Dec 04,2020
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့မစျေးအတွင်း ရောင်းချနေသော အာဂျီနိုမိုတို ဟင်းခတ်အချိုမှုန့်များ ကုန်အညွှန်းအမှတ်အသား ကိုက်ညီမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ခြင်းကို ယနေ့နေ့လယ်(၂)နာရီအချိန် က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်း ဆောင်ရွက်
Dec 04,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့တွင် ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း ကို ပုံပါကျင်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင် ယမန်နေ့ နှင့်ယနေ့နံနက်ပိုင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။