သတင်းများ

ကျေးရွာများတွင် သဘာဝဘေးကျရောက်လာပါက တုန့်ပြန်နိုင်ရန် တုန့်ပြန်နိုင်စွမ်းအားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း( RCDP )ကို ဖလမ်းမြို့နယ်အတွင်း ကျေးရွာအားလုံးတွင် ဆောင်ရွက်မည်
Dec 04,2020
သဘာဝဘေးဒဏ်များ ကျရောက်လာပါက တုန့်ပြန်နိုင်ရန် တုန့်ပြန်နိုင်စွမ်း အားကောင်းသော လူထုဖွံ့ဖြိုးရေးစီမံကိန်း( Resilient Community Development Project )ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှစ၍ ဖလမ်းမြို့နယ်အတွင်း ကျေးရွာများအားလုံးတွင် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သည်။
လှိုင်းဘွဲမြို့တွင်အပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး Mask Campaign ကို အရှိန်မြှင့်တင် ဆောင်ရွက်
Dec 04,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရေး Mask campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကားရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့ဖူးဘိုးခိုလမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်းရာနှုန်းပြည့်ပြီးစီး
Dec 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ ၊ ဖူးဘိုးခိုလမ်း ကွန်ကရစ်ခင်း ခြင်းလုပ်ငန်း (၁၀၀) ရာခိုင်နှုန်း (ရာနှုန်းပြည့် ) ပြီးစီးပြီဖြစ်ကြောင်း သိရှိရ သည်။
တောင်ငူ၌ ကျေးလက်ဒေသများ ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်ကရင် တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေး ဌာနဆိုင်ရာများနှင့်တွေ့ဆုံဆွေးနွေး
Dec 04,2020
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပွယ်စေးသည် တာဝန်ရှိသူ များနှင့် အတူ ယနေ့ နံနက် ၁၁ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး နတ်သျှင်နောင်ခန်းမ၌ ကျေးလက်ဒေသများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာ တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေးသည်။  
ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်(၂)ဦး ရန်ကုန်တိုင်းဒေသကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် သွားရောက်တာဝန်ထမ်းဆောင်မည်
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်(၂)ဦးသည် ရန်ကုန်တိုင်း ဒေသကြီးသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ဒီဇင်ဘာ ၅ ရက်နေ့တွင် သွားရောက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း သိရသည်။
ဒီးမော့ဆိုမြို့နယ်၊ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေး
Dec 04,2020
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနသည် နယ်စပ်ဒေသဖွံ့ဖြိုးရေးအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ကောင်းမွန်ရေး အတွက် လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေဖြင့် (၂၈၈.၆၁၃) ကျပ်သန်းဖြင့် ဆောင်ရွက်မည့် ဒေါရောက်ခူ ကျေးရွာအုပ်စု၊ ဖရူခေါလမ်းခွဲမှ ဆီဆောင်ကျေးရွာသွားလမ်း ၂ မိုင်၊ ၄ ဖာလုံ ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်းနှင့် Box Culvert (၄) စင်းတည်ဆောက်ခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်နေမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ဘောဂလိမြို့ ဖူးစံအေးလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းဆောင်ရွက်
Dec 04,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့တွင်းသန့်ရှင်း သာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရေမြောင်းတူးဖော်ခြင်း၊ ကွန်ကရစ် ခင်းခြင်း လုပ်ငန်း များကို ဘဏ္ဍာနှစ် အလိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။