ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအထောက်အကူပြုပစ္စည်း ခြေနင်းလက်ဆေးဘေစင်များလှူဒါန်း
Dec 04,2020
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ အခြေခံပညာအထက်တန်းကျောင်းများသို့ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအထောက်အကူပြုပစ္စည်း ခြေနင်းလက်ဆေးဘေစင်များ လှူဒါန်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၄ ရက်နေ့နံနက် ၁၀ နာရီအချိန်ကကျင်းပပြုလုပ်ခဲ့သည်။