သတင်းများ

တောင်သူများ မြိတ်စားကြက်သွန်နီများစိုက်ပျိုး
Dec 05,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိကျေးရွာများတွင် တောင်သူများသည် ယခုနှစ် ၂၀၂၀ ပြည့်နှစ် မိုးရာသီတွင် မိုးရွာသွန်းမှုနည်းပါးမှုကြောင့် မိုးသီနှံများဖြစ်ထွန်းမှု မရှိကြကြောင်းသိရသည်။
ဓနုဖြူမြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေး လုပ်ငန်းဆောင်ရွက်
Dec 05,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့တွင် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၈နာရီ အချိန်က မြို့မဈေးတွင်ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ချင်းရွှေဟော်နယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၀)ဦးထပ်မံဝင်ရောက်
Dec 05,2020
တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့ နံနက်(၆)နာရီမှ ညနေ (၆)နာရီအချိန်အထိ နေရပ်ပြန်ပြည်သူ(၁၀)ဦး ထပ်မံဝင်ရောက်လာခဲ့သည်။
မလှိုင်မြို့၌ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်ရေး (၁၆) ရက်တာလှုပ်ရှားမှုအဖြစ် ဆန် ၊ ခေါက်ဆွဲခြောက်နှင့် Mask များလှူဒါန်း
Dec 05,2020
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်ရေး (၁၆) ရက်တာ လှုပ်ရှားမှုအဖြစ် ရွှေသိမ်တော် ကျောင်းတိုက်မှ သီလရှင်များနှင့် မလှိုင်အထကရှိ Facility Quarantine Center သို့ ယမန်နေ့ နံနက်ပိုင်းက ဆန် နှင့်ခေါက်ဆွဲ ခြောက်ဖ များ သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်
လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် စိုက်ပျိုးထားသော မိုးစပါးများအား စံကွက်ရိတ်သိမ်း
Dec 05,2020
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ကလအတွင်း စီးပွားရေးကုစားမှု CERP အစီအစဉ်အရ ၂၀၂၀ ခုနှစ် မိုးစပါးရာသီ၌ စိုက်ပျိုးထားသော မိုးစပါးများ စတင်ရိတ် သိမ်းနေပြီးဖြစ်သဖြင့် စံကွက်ရိတ်သိမ်းခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဒိုင်းပြကျေးရွာတွင် ဆောင်ရွက်ခဲ့သည်။
လှိုင်းဘွဲမြို့နယ် ကွမ်တာအုပ်စု သဒီးခိုကျေးရွာတွင် ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Dec 05,2020
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် ကွမ်တာကျေးရွာအုပ်စု၊ သဒီးခိုကျေးရွာ ရွာတွင်းကွန်ကရစ်လမ်း(အရှည် ၂၂၆၀​ပေ x အကျယ် ၁၂​ပေ x ထု ၆လက်မ)လုပ်ငန်းကို လူထုဗဟိုပြုစီမံကိန်း​ထောက်ပံ့​ငွေ (၂၃,၇၀၀,၀၀၀)ကျပ်ဖြင့် ​အောက်တိုဘာလ ၂၀ရက်​နေ့တွင် စတင်အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ကျိုက်မ​ရောမြို့တွင် ကိုဗစ်- ၁၉ ​ရောဂါကာကွယ်ထိန်းချုပ်​ရေးအတွက် ပါးစပ်နှာ​ခေါင်းစည်းတပ်ဆင်​ရေးနှင့်​ယာဉ်အန္တရာယ်ကင်းရှင်း​ရေးလှုပ်ရှားမှု ​ဆောင်ရွက်
Dec 05,2020
မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ​ရောဂါ ဖြစ်ပွားမှု မြင့်တက်​နေစဥ်အတွင်းကျိုက်မ​ရောမြို့နယ်တွင် ​ရောဂါ ဖြစ်ပွားမှု မရှိ စေ​ရေးအတွက် ကြိုတင်ကာကွယ် ​ရေးလုပ်ငန်းများ အရှိန်အဟုန်တိုးမြှင့်​ ဆောင်ရွက်သည့်အ​နေဖြင့် ပါးစပ်နှာ​ခေါင်း စည်းတပ်ဆင်​ရေးနှင့်ပြည်သူများအန္တရာယ်ကင်းရှင်းစွာ ​သွားလာနိုင်​ရေး ယာဉ်အန္တရာယ်ပညာ​ပေးလှုပ်ရှားမှု့ကို ယ​နေ့ နံနက် ၈နာရီ အချိန်က ကျိုက်မ ​ရော ​မော်လမြိုင် သွား ကားလမ်း ထန်းပင်တန်း၌ ပြုလုပ်ခဲ့​ကြောင်းသိရသည်။