သတင်းများ

နှာခေါင်းစည်း Mask မတပ်ဆင်သူများအား ဒဏ်ငွေဆောင်စေ‌ကာ အသိပညာပေးခြင်းများ ခရမ်းမြို့တွင် ဆက်လက်ဆောင်ရွက်
Dec 04,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း Mask တပ်ဆင် သည့် အလေ့ အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက်က လူစည်ကားရာနေရာများနှင့် လမ်းဆုံလမ်းခွများတွင်‌ နေ့စဉ်အရှိန် အဟုန်မြှင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ရွှေကူမြို့နယ် IDP Camp များရှိ နေရပ်စွန့်ခွာပြောင်းရွှေ့နေထိုင်သော အိမ်ထောင်စုများအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
Dec 04,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် IDP Camp များရှိ နေရပ်စွန့်ခွာပြောင်းရွှေ့ နေထိုင်သော အိမ်ထောင်စုများအား မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကချင်အထူး စီမံချက်ရုံးမှ ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် မြို့နယ်အတွင်းရှိ IDP Camp စခန်းများ၌ ဒုတိယအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
ကလိန်အောင်မြို့၌ အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများဆွေးနွေးပွဲTalk Show အစီအစဉ်ဆောင်ရွက်
Dec 04,2020
၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ (၉)ရက်နေ့တွင်ကျရောက်မည့် နှစ်(၁၀၀)ပြည့်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသော အားဖြင့် အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများဆွေးနွေးပွဲ (Talk Show)အစီအစဉ် ကို တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centreခန်းမ၌ ယနေ့နေ့လယ် (၁)နာရီက ကျင်းပ ဆောင်ရွက်ခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိစစ်ဆေး
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ကို ယမန်နေ့ နံနက်(၈)နာရီအချိန်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကြားဖြတ်တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်း လုပ်ငန်းကွင်းဆင်းဆောင်ရွက်
Dec 04,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ် မေွးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပြောင်းလဲလာ သည့် တိရစ္ဆာန် ကောင်ရေ တိုးပွား/လျော့နည်းမှု ဆိုင်ရာ တွက်ချက်မှုစံနှုန်းများ ပြင်ဆင်နိုင်ရေးအတွက် ကြားဖြတ်တိရစ္ဆာန်ကောင်ရေ ကောက်ယူခြင်းကို ယမန်နေ့က စတင်၍ ဇီးကုန်းမြို့နယ်အတွင်း ကွင်းဆင်း ကောက်ယူခဲ့ကြသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၂၆)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၃) သို့ ပို့ဆောင်
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ(၂၆)ဦး အား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရေး အလုပ်ရုံဆွေးနွေးပွဲအား Online မှ တစ်ဆင့်ကျင်းပ
Dec 04,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး မိတ်ဆက်ရှင်းလင်းမှု အလုပ်ရုံဆွေးနွေးပွဲအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ Online Zoom Meeting ဖြင့် ယနေ့ နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
နေပြည်တော် ဘောဂသီရိနှင့် မြို့မဈေးကားဂိတ်အချို့ Lock Down ချထား
Dec 04,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်၊ နေပြည်တော် ဘောဂသီရိကားဝန်းရှိ ကားဂိတ်တစ်ခုမှ ယာဉ်မောင်းတစ်ဦးသည် Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရန် ကွာရန်တင်း ဝင်ခဲ့ရာ Covid-19 ရောဂါပိုး တွေ့ရှိရကြောင်း၊ ထို့ကြောင့် ၎င်းနှင့် ထိတွေ့ဆက်စပ်သူ (၈) ဦးအား ကွာရန်တင်း ထားရှိ၍ Covid-19 ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာတွင် ဘောဂသီရိကားဝန်းမှ နှစ်ဦး၊ မြို့မဈေးအဆိုပါဂိတ်မှ သုံးဦး၊ စုစုပေါင်း ငါးဦးတို့သည် Covid-19 ရောဂါပိုးရှိကြောင်း ထပ်မံတွေ့ရှိရသဖြင့် ဘောဂသီရိကားဝန်းရှိ ၎င်းဂိတ် (၈) ခန်းတွဲ အဆောက်အဦ (၂) လုံးကို Lock Down ချထားပြီး၊ ၎င်း ဘောဂသီရိကားဝန်းအတွင်းရှိ စားသောက်ဆိုင်များကို ပိတ်ထားကြောင်း၊ ကားဝန်း အဝင်/အထွက် နေရာများတွင်လည်း Mask တပ်ဆင်ပြီးမှသာ ဝင်ထွက်ခွင့် ပြုမည် ဖြစ်ကြောင်း သိရသည်။