ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်းကျေးရွာများ ရွေးချယ်ခြင်းဆောင်ရွက်
Dec 04,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလမ်းနှင့် အသေးစား၊ အငယ်စား စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရန် အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ ကျေးရွာမတည်ရန်ပုံငွေ (VRFP) စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် ကျေးရွာ ရွေးချယ်ခြင်းကို ယမန်နေ့ နေလယ်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။