သတင်းများ

နမ္မတူမြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ (Take away) စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး
Dec 03,2020
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား (Take away) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
ရှမ်းရွာသစ်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်
Dec 03,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းပတ် ဝန်းကျင် သန့်ရှင်းသာယာလှ ပစေရန်ရည်ရွယ်ပြီး ယနေ့နံနက်ပိုင်းက စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး ဒဏ်ငွေရိုက်ကာ ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်
Dec 03,2020
နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ဒေသခံပြည်သူများအား နေအိမ်ပြင်ပထွက်တိုင်း မဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း (Mask) တပ်ဆင်စေရေး (၂၀၀)ကျပ်ဒဏ်ငွေရိုက်ကာ ခုဝယ်ခုတပ်စနစ်ဖြင့် ရှောင်တခင်စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခြင်းကို ယနေ့ နံနက် (၈)နာရီအချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ ဗိုလ်ချုပ်လမ်းဆုံ၌ ဆောင်ရွက်ခဲ့သည်။
ကျောက်ပန်းတောင်းမြို့နယ် G.T.I Quarantine Centre ဝင်ရောက်နေသူ (၉၁) ဦးအနက် Swab နမူနာယူရန် ကျန်ရှိနေသူ (၁၀) ဦးအား RDT Test Kit ဖြင့်စစ်ဆေးရာမှ သံဃာတော်(၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ
Dec 03,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း Quarantine Centre ဝင်ရောက်နေသူ (၉၁) ဦး အနက်၊ နိုဝင်ဘာ(၂၉)ရက်နေ့အထိ Swab နမူနာယူစစ်ဆေးရန် ကျန်ရှိသူ(၁၀)ဦးအား၊ ယမန်နေ့က RDT Test Kit ဖြင့်စစ်ဆေး ရာမှ သံဃာတော်(၁)ပါးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
မယ်စဲ့မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့ အထိမ်းအမှတ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပ
Dec 03,2020
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများအား အခန်းကဏ္ဍအသီးသီးတွင် ပိုမိုမြှင့်တင်ဆောင်ရွက်ရန်နှင့် မသန်စွမ်းသူများနှင့်ပက်သက်သော အကြောင်းအရာများကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အစရှိသည့် အခန်းကဏ္ဍများတွင် ပိုမိုထည့်သွင်း စဉ်းစားနိုင်ကြစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၃ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပခဲ့သည်။
အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူ(၅၇)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center(၁)နှင့်(၃) သို့ ပို့ဆောင်
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူ (၅၇)ဦးအား Quarantine ဝင်ရောက်ရန် နေအိမ်မှ သွားရောက်ခေါ်ယူ၍ အင်းစိန်(GTI) Quarantine Center (၁)နှင့်(၃) သို့ ယမန်နေ့ ညနေပိုင်းက ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့၌ လူကုန်ကူးမှုတားဆီးကာကွယ်တိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေ
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ လူကုန်ကူးမှု တားဆီးကာကွယ်တိုက်ဖျက်ရေး အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့တွင် နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ အခမဲ့ဖြန့်ဝေ
Dec 03,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် နှာခေါင်းစည်း Mask အခုရေ ၂၀၀၀ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က လမ်းသွားလမ်းလာများနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။