ချင်းရွှေဟော်၌ ကိုဗစ်-၁၉ အတည်ပြုလူနာနှင့်ထိတွေ့ခဲ့သူများအား Rapid Test Kit စနစ်ဖြင့်စစ်ဆေး
Dec 03,2020
ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှဝင်ရောက်လာသည့် မြန်မာနိုင်ငံသားနေရပ်ပြန်ပြည်သူ အမျိုးသမီး တစ်ဦးထံမှ ဒီဇင်ဘာ(၂)ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ရာ ၎င်းကိုဗစ်-၁၉အတည်ပြုလူနာနှင့် ထိတွေ့ခဲ့သူ(၅၅)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့ နံနက်(၁၀)နာရီအချိန်က ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။