သတင်းများ

ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရန်အတွက် အပြင်ထွက်တိုင်း နှာခေါင်းစည်း (mask) တပ်ဆင်ခြင်းအား အလေးထား လိုက်နာဆောင်ရွက်ရန် မြို့နယ်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ်အသိပညာပေးစစ်ဆေး ဆောင်ရွက်
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ နေ့စဉ် လူအများစုဝေးရာ မြို့မဈေးကြီးနှင့် လူအများသွားလာရာ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အသိပညာ ပေး နှိုးဆော်ခြင်းစည်းကမ်း လိုက်နာခြင်းမရှိသူများအား ဒဏ်ငွေဆောင်အရေးယူခြင်းများကို ဆောင်ရွက် လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် မြို့မဈေးကြီးအတွင်းနှင့် မြို့လယ်ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဓနုဖြူမြို့၌ မီးဘေးလုံခြုံရေး အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေ
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးဇော်လင်းမောင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာဆောင်များကို ယနေ့နံနက် ၈ နာရီအချိန်ခန့်က မြို့အတွင်းရှိ လူစည်ကားရာနေရာများသို့ ဖြန့်ဝေခဲ့ကြောင်းသိရသည်။
ရွှေသောင်ယံမြို့တွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးများ ထိုးနှံ
Dec 03,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်မှ စတင်၍ ညနေ(၄)နာရီအထိ အသက်(၉)နှစ်မှ(၁၀)နှစ်အရွယ် မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တာမွေမြို့နယ်တွင် ကားမီးလောင်မှုဖြစ်ပွား
Dec 03,2020
ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် တာမွေလေးရပ်ကွက် လေးထောင့်ကန် လမ်းမကြီးပေါ်တွင် ယနေ့နံနက် (၉)နာရီ(၄၀)မိနစ်အချိန်က တာမွေမြို့နယ် ဘက်မှ သင်္ဃန်းကျွန်းမြို့နယ်ဘက်သို့ မောင်းနှင်လာသော အဖြူရောင် ဟိုက်ဂျက်အမျိုးအစား မော်တော်ယာဉ်အတွင်းရှိ စပီကာနှင့် ဘတ်ထရီ သွယ်တန်းထားသော ဝါယာကြိုး အပူလွန်ကဲရာမှ ကားမီးလောင်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း တာမွေမြို့နယ်မီးသတ်စခန်းမှ သိရသည်။
ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်း တွံတေး၌ဆောင်ရွက်
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက် တစ်နှစ်အောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သုံးခွမြို့ပေါ် ရပ်ကွက်များရှိ ပိုးသတ်ဆေးဆိုင်နှင့်စိုက်ပျိုးရေးဆေးဆိုင်များအား ကွင်းဆင်း စစ်ဆေး
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် ရောင်းချလျက်ရှိသော ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာဆိုင် အသစ်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယမန် နေ့ နံနက်(၉)နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ် ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်
Dec 03,2020
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်စေရန် မီးသတ်ယာဉ်ဖြင့် လှည့်လည်ကာ အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ည(၇)နာရီအချိန်က နှိုးဆော်ခဲ့သည်။
သန်လျင်၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနား ကျင်းပ
Dec 03,2020
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ မြို့နယ်အဆင့် သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး စတင်ထည့်သွင်းထိုးနှံခြင်း အခမ်းအနားကို  နံနက် ၉ နာရီခွဲက ပဲခူးရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။