လိပ်သိုဒေသရှိ ကျေးရွာများတွင် အာဖရိကအပြင်းဖျား ဝက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေ
Dec 03,2020
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တိရိစ္ဆာန် များကို ကူးစက်ရောဂါ များ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိပြီး ကျေးလက်နေ ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီအချိန်က အလယ်ချောင်း (အထက်) ကျေးရွာနှင့် ဇလဲကျေးရွာတို့တွင် ကြိုတင် သတိပြုစရာ ဝက်များတွင် ဖြစ်ပွားတတ်သော အာဖရိက အပြင်းဖျား ဝက်ရောဂါ အသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။