စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမနှစ်စက်ဝန်းအတွက် ငွေကျပ် ၆၁ ဒသမ ၇သန်း ထုတ်ချေး
Dec 03,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဌာန၏ ကျေးလက်နေပြည်သူ များအား လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာစေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျော့ချရေးအတွက် မြစိမ်းရောင်စီမံကိန်းကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ သငါကျေးရွာ၌ ၎င်းစီမံ ကိန်းအတွက် ဆဋ္ဌမနှစ်စက်ဝန်း အရင်းမပျောက်လည် ပတ်ရန်ပုံငွေကျပ် ၆၁ ဒသမ ၇သန်း ထုတ်ချေးပေးခြင်းကို မြို့နယ်ဦးစီးအရာရှိ ဒေါ်နွဲ့နွဲ့ဌေးနှင့် ဝန်ထမ်းများက ကွင်းဆင်းပြီး ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်တွင် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။