မကွေးမြို့၌ မြန်မာ့လေကြောင်းလိုင်းမှ ရန်ကုန်-မကွေး-အမ်း-စစ်တွေ အသွားအပြန် ခရီးစဉ်ကို ဇန်နဝါရီလ ၁ ရက်က စတင်၍ ပြန်လည်ပြေးဆွဲ
မကွေးမြို့၌ ကိုဗစ်-၁၉ ကာလတွင် ခရီးသည်တင် လေယာဉ်ပြေးဆွဲခြင်းကို ရက်ပေါင်း (၉၀) ခန့်ကြာ ယာယီ ရပ်နား ထားသည့် ရန်ကုန်-မကွေး-အမ်း-စစ်တွေ ခရီးစဉ်ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့က စတင်၍ ပြန်လည်ပြေးဆွဲနေပြီး မကွေးမြို့သို့ ရောက်ရှိလာသူများနှင့် မကွေးမြို့မှ ထွက်ခွာမည့် ခရီးသည်များ အတွက် ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းများ သတ်မှတ်ထားကြောင်း မြန်မာ့လေကြောင်း လိုင်း မကွေး တာဝန်ခံထံက သိရသည်။