ညောင်ဦးမြို့နယ် လျှပ်စစ်မြစ်ရေတင် ငါးခုအား ဆောင်းသီးနှံအတွက်ရေပေးဝေမှုများ ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ လျှပ်စစ်မြစ်ရေတင် ငါးခုအား ဆောင်းသီးနှံ အတွက် ရေပေးဝေမှုများအား ဇန်နဝါရီ ၂ရက်နေ့ နံနက် ၈နာရီအချိန်မှစတင်ကာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ တိုင်းဒေသကြီးရုံးမှ ဦးမျိုးမြင့်ခိုင် (ဒုတိယညွှန်ကြားရေးမှူး) လာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာ၌ စောင့်ကြပ်ကြည့်ရှုထားသူ (၁၄) ဦးတွင် ကိုဗစ်- ၁၉ ရောဂါ ပိုး ထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန် ကျေးရွာ Facility Quarantine Center တွင် အသွား အလာကန့်သတ် စောင့်ကြပ်ကြည့်ရှုထားသူ (၂၇) ဦးအား ဒီဇင် ဘာ ၃၁ ရက်နေ့က ကိုဗစ်- ၁၉ ရောဂါ ပိုး ရှိမရှိ RDT ဖြင့် စစ်ဆေးရာ အမျိုးသား (၇) ဦးနှင့် အမျိုးသမီး (၇) ဦး၊ စုစုပေါင်း (၁၄) ဦးတွင် ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

ကျိုက်မ​ရော ​နောင်လုံကွင်းစပ်၌ ယာဉ်တစ်စီး အရှိန်လွန်တိမ်း​မှောက်မှုဖြစ်ပွား

ကျိုက်မ​ရောမြို့နယ် ​ရေတွင်းကုန်း​ကျေးရွာပိုင် ​နောင်လုံတံတားထိပ်၌ ယမန်​နေ့ ​နေ့လည်၂နာရီ အချိန်က နှမ်း အိတ်များ တင်​ဆောင်လာ​သော ဟိုက်ဂျက်ယာဉ်တစ်စီးမှာ အရှိန်မထိန်းနိုင်ဘဲ လမ်း​ဘေးသို့ ထိုးကျပြီး တိမ်း​မှောက်သွားခဲ့ကြောင်း သိရသည်။

တီးတိန်မြို့နယ်၊ တွီးထန်ကျေးရွာတွင် KMSS-KALAY မှ ဆန်၊ ဆီ၊ ပဲနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်သည့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့လှူဒါန်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တွီးထန် ကျေးရွာတွင် KMSS-KALAY (ဂရုဏာ လူမှုစည်းလုံး ညီညွတ်ရေး အသင်း -က လေးကက်သလစ်သာသနာ) မှ ဆန်၊ ဆီ၊ ကုလားပဲနှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်သည့် အသုံးအဆောင်ပစ္စည်းများကို ဒီဇင်ဘာ ၃၁ ရက်နေ့က ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။

မကွေးမြို့နယ် ကန်သစ်ကျေးရွာ၌ မီးလင်းရေးအောင်ပွဲ ကျင်းပ

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း NEP Phase-1 ဖြင့် ဆောင်ရွက်ခဲ့သည့် မကွေးမြို့နယ် ကန်သစ်ကျေးရွာ မီးလင်းရေးအောင်ပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရိခေါ်ဒါရ်၌ ဒေသခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး တွေ့ဆုံညှိနှိုင်းပွဲပြုလုပ်

ချင်းပြည်နယ် ဒေသခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်ဦးဆောင်မှုဖြင့် ရိဒေသခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုး တက်ရေး တွေ့ဆုံညှိနှိုင်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရိခေါ်ဒါရ်မြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဖယ်ခုံမြို့၌ သျှာမ်းတောင်တန်းပရဟိတ လူမှုရေးအသင်းသို့ အလှူငွေများ ပေးအပ်လှူဒါန်း

ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့၊ ဈေးတန်းရပ်ကွက် သျှာမ်းတောင်တန်း ပရဟိတ လူမှုရေးအသင်း အတွက် အလှူငွေပေးအပ်ပွဲကို ယမန်နေ့က ဖယ်ခုံမြို့ သျှာမ်းစာပေနှင့် ယဉ်ကျေးမှုဓမ္မာရုံတွင် ကျင်းပသည်။

တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော အတည်ပြု လူနာ (၃) ဦး ကျန်းမာရေး ကောင်းမွန်လာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြု

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၃)ဦးသည် သတ်မှတ်ရက် (၁၁) ရက် စောင့်ကြည့် ကုသပြီးဖြစ်၍ ယမန်နေ့က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
Subscribe to