လှည်းကူးမြို့နယ်တွင် ယာယီပျံကျဈေးသည်များအား စနစ်တကျရောင်းချမှုရှိစေရန် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပြည်တော်သာ ရပ်ကွက် ဒါးပိန်လမ်းခွဲရှိယာယီပျံကျဈေးသည်များအား စနစ်တကျရောင်းချမှုရှိစေရန် နေ့စဉ် ညနေ(၃)နာရီချိန်မှ စတင် ကာ တာဝန်ရှိသူများမှ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

အုတ်ဖိုမြို့နယ်ငါးလုပ်ငန်းစခန်းမှ စဉ့်ကူးချောင်းဂေါင်းတမံနှင့် မင်းလှဆည်အတွင်းသို့ ငါးသားပေါက် ကောင်ရေ(၂၁၀,၀၀၀)စိုက်ထည့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ငါးလုပ်ငန်းစခန်းမှ သဘာဝရေပြင်နှင့် ဆည်ရေလှောင်တမံများတွင် ငါးသယံဇာတပေါကြွယ်ဝစေရန်နှင့် ကိုဗစ်-၁၉ ကာလအတွင်း ငါးရိက္ခာများ လုံလောက်စွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ ငါးသားပေါက်မျိုးစိုက်ထည့်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ

ကွမ်းခြံကုန်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် လှည့်လည်အသိပေး နှိုးဆော်ခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့်  မီးဘေးလုံခြုံရေးနှင့်   မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး အတွက် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များအတွင်းယမန်နေ့ည(၈)နာရီမှစ၍ အသိပေး နှိုးဆော်ချက်များကိုလှည့်လည်ကြေငြာ ပေးခဲ့ကြောင်းသိရသည်။

နေအိမ်အတွင်းဝင်ရောက်နေသော မြွေဟောက်ကြီးတစ်ကောင်အား ကွမ်းခြံကုန်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သွားရောက်ဖယ်ရှားရှင်းလင်း

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ကံကြီး/မကျီးရပ်ကွက် ရတနာပုံ ၂ လမ်းရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ ညပိုင်းက မြွေဟောက်ကြီးတစ်ကောင် ဝင်ရောက် နေသဖြင့် မြို့နယ် မီးသတ်ဦးစီးဌာနသို့ ဖုန်းဆက်အကြောင်းကြား၍ သွားရောက်ဖယ်ရှား ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဦးဇော်နိုင်ဦးနှင့် အဖွဲ့သည် ယမန်နေ့က ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများစွာထဲမှ တစ်ခုဖြစ်သည့် ရေရရှိရေးခေါင်းစဉ်အောက်မှ ရေကန်များ(မြေသားကန်) များအဆင့်မြှင့်တင် နိုင်ရေး၊ မီးဘေးအန္တရာယ်ကာကွယ်ရေး၊ သုံးရေ/သောက်ရေအတွက်

ရွှေတောင်မြို့နယ်တွင် သုံးစွဲပြီးသား စွန့်ပစ် mask များအား ကောက်ယူမီးရှို့

ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ပရဟိတ နာရေးကူညီမှုအသင်းမှ အသင်းသူ/အသင်းသားများက လမ်းဘေးဝဲယာတွင် အသုံးပြုပြီးသော စွန့်ပစ်mask များအား (၆)ရက်မြောက် လိုက်လံကောက်ယူ မီးရှို့ဖျက်စီးပစ်ခဲ့ကြကြောင်း သိရသည်။

ရေတာရှည် မကျည်းကုန်းရွာ၌ နေအိမ်မီးကြွင်းမီးကျန်မှတစ်ဆင့် မီးကူးစက်လောင်ကျွမ်း

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ သာဂရမြို့ အနောက် သစ်ပုပ္ပင်ကျေးရွာအုပ်စု၊ မကျည်းကုန်းကျေးရွာတွင် ဒီဇင်ဘာ ၂၈ ရက်နေ့ ၄ နာရီခွဲက နေအိမ်မီးကြွင်း မီးကျန်မှ တဆင့် မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း  သာဂရနယ်မြေရဲစခန်းမှသိရှိရသည်။

အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့်ကော်မတီဖွဲ့စည်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီ ဖွဲ့စည်း ခြင်းကို ယမန့်နေ့က ဇီးဖြူသောင် ကျေးရွာအုပ်စု၊ ပဲကြီးခုံကျေးရွာ၊ ဘန့်ဘွေးကုန်း ကျေးရွာ အုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာ၊ ဆွဲလဲချောင်းကျေးရွာအုပ်စု၊ ဆွဲလဲချောင်းကျေးရွာ (ပေတရာ)၊ ဘုရားနှစ်ဆူ ကျေးရွာ အုပ်စု၊ ဘုရားနှစ်ဆူကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းများ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

တွံတေးမြို့၌ နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် မိတ်ဆက်ရှင်းလင်းခြင်းပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ(၁)ရက်နေ့တွင် တွံတေးမြို့နယ် တရားရုံး၌ စတင် အကောင်အထည်ဖော် ကျင့်သုံးဆောင်ရွက်မည့် နိုင်ငံ တစ်ဝန်း မှုခင်းစီမံခန့်ခွဲမှု အစီအစဉ် မိတ်ဆက်ရှင်းလင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန တော်ဝင်စန္ဒကူး ခန်းမ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရှိရသည်။

လေးမျက်နှာမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေး ဘေစင်များပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေး ဘေစင်(၂)လုံးတွဲများကို ယနေ့နံနက်ပိုင်းက အ.ထ.က ကျောင်းများသို့ သွားရောက်ပေးအပ် လှူဒါန်းခဲ့သည်။
Subscribe to