ပွင့်ဖြူမြို့နယ်တွင် ကိုဗစ်ပိုးတွေ့ရှိသူနှင့် ထိတွေ့မှုရှိသူ(၄)ဦးအား (RDT) Test Kit ဖြင့် ကျန်းမာရေးစစ်ဆေးရာ (၃)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်ကျန်းမာရေး ဝန်ထမ်းများ အဖွဲ့က ယနေ့နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ရွှေလှေကျေးရွာအုပ်စု၊ ဂတ်ကုန်း ကျေးရွာနှင့် လယ်ကိုင်းကျေးရွာအုပ်စု၊ လယ်ကိုင်းကျေးရွာသို့ သွားရောက်ပြီး ကိုဗစ်ပိုးတွေ့ရှိသူနှင့် ထိတွေ့မှုရှိသူ (၄)ဦးအား (RDT) Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ရာ(၃)ဦးတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

သာပေါင်းမြို့နယ် ကိုဗစ်-၁၉ ကော်မတီမှ ၀င်/ထွက် သွားလာကန့်သတ်ထားသည့် ထန်းပင်ချောင်း ကျေးရွာသို့ ထောက်ပံ့ ပစ္စည်းများ သွားရောက်ပေးအပ်

သာပေါင်းမြို့နယ်၊ ဇီးဖြူကွင်းကျေးရွာအုပ်စု၊ ထန်းပင်ချောင်းကျေးရွာတွင် ဒီဇင်ဘာလ ၂၅ ရက်နေ့က မြို့နယ်ကျန်းမာရေးဌာနမှ RDT test ဖြင့် စစ်ဆေးခဲ့ရာ အသက်(၆၀)နှစ် အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိသဖြင့် မြို့နယ်ဆေးရုံတွင် ခေါ်ယူကုသ ပေးလျက်ရှိပြီး

ညောင်ဦးမြို့နယ် စီမံကိန်းဦးစီးဌာန၊ ရုံးနေရာတည်ဆောက်မည့် မြေနေရာနှင့် ကျောက်ပန်း တောင်းမြို့နယ် စီမံကိန်းဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာတို့အား ပန္နက်ရိုက်မင်္ဂလာအခမ်းနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၊ မြို့နယ်စီမံကိန်းရုံး တည်ဆောက်မည့် မြေနေရာနှင့် ကျောက်ပန်း တောင်းမြို့နယ် စီမံကိန်းဦးစီးဌာန၊ ရုံးဝင်းအတွင်း တည်ဆောက်မည့် ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာ တို့အား ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကို ညောင်ဦးမြို့နယ်တွင် ယနေ့ နံနက် ၇ နာရီခွဲ အချိန်တွင်လည်း ကောင်း၊ ကျောက်ပန်းတောင်း မြို့နယ်တွင် နံနက် ၈ နာရီ ၁၅ မိနစ် အချိန်က လည်းကောင်း ကျင်းပခဲ့ကြောင်းသိရသည်။

နမ္မတူမြို့နယ် နမ့်တောင်ကုန်းကျေးရွာ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဆောင်ရွက်

Dan Church Aid –Norwegin Church Aid (DCA-NCA) ၏ ပံ့ပိုးမှုဖြင့် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (Glad)နှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နမ့်တောင် ကုန်းကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ကျောက်ပန်းတောင်းမြို့နယ် စီမံကိန်းဦးစီးဌာနရုံး (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ ပန္နက်တင်မင်္ဂလာကျင်းပ၊ တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူတက်ရောက်

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် စီမံကိန်းဦးစီးဌာနရုံးတွင် (၄)ခန်းတွဲ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန်အတွက် ပန္နက်တင်မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်(၉:၀၅)နာရီက ကျောက်ပန်းတောင်း-ရေနံချောင်း လမ်းမဘေးရှိ အဆိုပါ ဦးစီးဌာနရုံးဝန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး နှာခေါင်းစည်း တပ်ဆင်ခြင်း လှုပ်ရှားမှုဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး အတွက် နှာခေါင်းစည်းတပ်ဆင်ခြင်း လှုပ်ရှားမှုနှင့် အသိပညာပေး လုပ်ငန်းများကို မြို့မဈေးရှေ့နှင့် မြို့မ‌ဈေး အတွင်း၌ ယနေ့ နံနက်ပိုင်း ၇ နာရီအချိန်က ဆောင်ရွက် လျက်ရှိသည်။

သာကေတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ပူးပေါင်းဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင် သာကေတမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုနှုန်းကို ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး‌ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးလင်းထိုက်ဦးဆောင်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်းပြီး ယနေ့ နံနက်ပိုင်းအချိန်က သာကေတ မြို့နယ်တွင် စျေးရောင်းချနေသူများ၊ စျေးလာရောက် ဝယ်ယူကြသူများနှင့် ခရီးသွား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် အထောက်ကူပြုစေရန်အတွက် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့် ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာ ပေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မလိုအပ်ဘဲ လူစုလူဝေးဖြင့် နယ်မြေကျော် သွားလာခြင်း မရှိစေရေးနှင့် အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေး အထူးကြပ်မတ် စစ်ဆေးလျက်ရှိ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ်အချိန်နှင့် တစ်ပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက် ပိုင်းမှစ၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မလိုအပ်ဘဲ လူစုလူဝေးဖြင့် နယ်မြေကျော် သွားလာခြင်း မရှိစေရေးနှင့် မြို့နယ်‌/ ရပ်ကွက်များအတွင်း နေအိမ်ပြင်ပသို့ ထွက်တိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ် စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။
Subscribe to