မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ လျော့နည်းလာပြီ အတည်ပြုလူနာသစ် (၁၄)ဦးသာ ထပ်တိုးတွေ့ရှိ
မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ ယမန်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၁၄)ဦး ထပ်တိုးတွေ့ရှိကာ ပိုးတွေ့ရှိမှုက အနည်းငယ်လျော့ နည်းခဲ့ပြီး တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၂၄၅၀)ဦးရှိကြောင်း သိရသည်။