မယ်စဲ့မြို့နယ်တွင် ကျေးရွာစွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးရွာ စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုစနစ် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းကို ယမန်နေ့က နမ့်မန်းကျေးရွာ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဖလမ်းမြို့ လုံပီးရပ်ကွက်၌ မှုခင်းကျဆင်းရေး ပညာပေးဟောပြောပွဲ ပြုလုပ်

ရပ်ကွက်/ကျေးရွာ များတွင် မှုခင်းဖြစ်ပွားမှု ကျဆင်းရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး ပညာပေး ဟောပြောပွဲကို ဖလမ်းမြို့၊ လုံပီးရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်သည်။

တမူးမြို့တွင် စနစ်တကျ နေကြာမျိုးစေ့ထုတ်ခြင်း နည်းပညာမိတ်ဆက်ခြင်းနှင့် လက်တွေ့ စိုက်ပျိုးပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် စနစ်တကျ နေကြာမျိုးစေ့ထုတ်ခြင်း နည်းပညာမိတ်ဆက်ခြင်းနှင့် လက်တွေ့ ပြသစိုက်ပျိုးခြင်းကို မြို့မရပ်ကွက်ရှိ တောင်သူ ဦးတင်ဆိုင်၏လယ်မြေ၊ ကွင်းအမှတ်၊၂၅၅-Bတွင် ယမန်နေ့ ညနေ(၄)နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

တန့်ယန်းမြို့နယ်တွင် ကျေးရွာမီးဘေးအန္တရာယ်နှင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေး ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်တားဆီးရေးနှင့် မီးဘေးလုံခြုံရေးတို့အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အရန်မီးသတ်တပ်ရင်းတို့ ပူးပေါင်း၍ မီးဘေးအသိ မီးဘေးသတိရှိကြရန် မန်ကတ်ကျေးရွာတွင် ယမန်နေ့က ကြည့်ရှုစစ်ဆေးကာ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။

ဟိုမိန်းမြို့နယ် မယ်အောကျေးရွာအုပ်စု နားမွန်းလုံကျေးရွာ၌ တစ်အိမ်သုံးဆိုလာမီးဖွင့်ပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ မယ်အောကျေးရွာအုပ်စု နားမွန်းလုံကျေးရွာ တွင် အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း(NEP)ဖြင့် တစ်အိမ်သုံး ဆိုလာမီးဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေ (၅) နာရီခွဲအချိန် က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ‌ရေနွေးအိုးတည်ရာမှ မီးလောင်မှုဖြစ်ပွား

ပေါင်မြို့နယ် ၊ မုတ္တမကျေးရွာ၊ ပုသိမ်ကွင်းရပ်ကွက်၊ အမှတ်၂၀နယ်မြေတွင် နေအိမ်တစ်လုံး၌ ဒီဇင်ဘာလ ၂၇ ရက်၊ ည ၇:၄၀ အချိန်ခန့်က ထင်းမီးဖိုဖြင့် နွေးအိုးတည်ရာမှအနီးရှိထရံအား မီးကူးစက်ကာ နေအိမ် ၄ လုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ လျော့နည်းလာပြီ အတည်ပြုလူနာသစ် (၁၄)ဦးသာ ထပ်တိုးတွေ့ရှိ

မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်အရ ယမန်နေ့တွင် ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာ(၁၄)ဦး ထပ်တိုးတွေ့ရှိကာ ပိုးတွေ့ရှိမှုက အနည်းငယ်လျော့ နည်းခဲ့ပြီး တိုင်းဒေသကြီးအတွင်း အတည်ပြုလူနာပေါင်း(၂၄၅၀)ဦးရှိကြောင်း သိရသည်။

မိုင်းယောင်း၌ လက်ဖက်ခင်းများ အထွက်နှုန်းတိုးတက်ရန် လက်ဖက်ကိုင်းဖြတ်နည်းသရုပ်ပြသခြင်းဆောင်ရွက်

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် လက်ဖက်ခင်းများ အထွက်နှုန်း တိုးတက်စေရန်အတွက် လက်ဖက်ကိုင်းဖြတ်နည်း သရုပ်ပြသခြင်းနှင့် ပျိုးထုတ်နည်း၊ စိုက်ပျိုးနည်း၊ သဘာဝမြေသြဇာ အသုံးပြုနည်းများကို ယမန်နေ့က ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာများ၌ ဆိုလာစနစ်ဖြင့် မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့အတွင်းရှိ ကျေးရွာ ၁၂ ရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန၊ ဂျာမနီဖွံ့ဖြိုးရေးဘဏ်(KFW)နှင့် ကျေးရွာပြည်သူများ၏ ပူးပေါင်းထည့်ဝင်ငွေဖြင့် (Solar Home System) တစ်အိမ်သုံး ဆိုလာစနစ်ဖြင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အသုံးပြုသူနေအိမ်များသို့ SHS ဆိုလာ တပ်ဆင်ပြီးစီးမှု လုပ်ငန်းများကို ဒီဇင်ဘာလ ၂၆ ရက်နေ့က လင်းခေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်း၊ ကျေးရွာမီးလင်းရေးတာဝန်ခံ ဦးကျော်မျိုးလှိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အာခါတိုင်းရင်းသားတို့၏ နှစ်သစ်ကူးပွဲတော်

အာခါတိုင်းရင်းသားလူမျိုးသည် မြန်မာနိုင်ငံ ရှမ်းပြည်နယ်(အရှေ့ပိုင်း) သံလွင်မြစ်အရှေ့ခြမ်း တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နှင့် နယ်နမိတ်တစ်လျှောက်တွင် နေထိုင်လျက်ရှိကြောင်း သိရသည်။
Subscribe to