မိုင်းလုံမြို့တွင် တောင်သူနည်းပညာပေး ဆွေးနွေးပွဲပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာန၊ ကျောက်မဲခရိုင် စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများပူးပေါင်း၍ ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်ခြင်း တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် (၁၀:ဝဝ)နာရီအချိန်ခန့် က မိုင်းလုံမြို့ စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးရုံးအဆောက်အဦသစ် ဖွင့်ပွဲ အခမ်းအနားကျင်းပ

ကရင်ပြည်နယ် မြဝတီခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ရုံးအဆောက် အဦ သစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီအချိန်က မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ သောင်ရင်းခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ် ပေးသည်။

သီပေါ၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်

မီးဘေးအန္တရာယ်ကင်းရှင်းရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက အကျဉ်းဦးစီးဌာနသို့ သွားရောက်၍ မြို့နယ်အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ် သရုပ်ပြသခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(​အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက် အမှတ်(၂)စျေး၌ Mask Campaign ဆောင်ရွက်နေမှု အခြေအနေများအား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် လိုက်လံ ကြည့်ရှု

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရခြင်းမှ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအား ပြင်ပထွက်ခွာချိန်တိုင်းတွင် Mask တပ်ဆင်သွားလာမှု ရှိစေရေးအတွက် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၈)ရပ်ကွက် အမှတ်(၂)စျေး၌ ရန်ကုန်တိုင်း​​ဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည် ဦးဆောင်သော အဖွဲ့ဝင်များနှင့် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း Mask တပ်ဆင်ရန် Sticker Campaign ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ကြစေရန် ရည်ရွယ်၍ Sticker Campaign ဆောင်ရွက်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ၅၈ လမ်းမှ ၆၆ လမ်းထိ၊ ၁၉ လမ်း တစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်ရှိ အင်းမ-ဘန့်ဘွေးကျင်း ရေတံခွန် သွားလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်နေသည့် အင်းမ- ဘန့်ဘွေးကျင်း ရေတံခွန်သွား မြေသားလမ်း ဖောက်လုပ်နေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထက်၊ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to