ရန်ကင်းမြို့နယ်တွင် နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း Mask တပ်ဆင်ရန် Sticker Campaign ဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာတိုင်း နှာခေါင်းစည်း (Mask) မဖြစ်မနေ တပ်ဆင်ကြစေရန် ရည်ရွယ်၍ Sticker Campaign ဆောင်ရွက်ခြင်းကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ယမန်နေ့ နံနက် ၉ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေ

မန္တလေး၊အောင်မြေသာစံမြို့နယ်တွင် နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအဖွဲ့မှ နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းကို ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၀ နာရီက ၅၈ လမ်းမှ ၆၆ လမ်းထိ၊ ၁၉ လမ်း တစ်လျှောက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်ရှိ အင်းမ-ဘန့်ဘွေးကျင်း ရေတံခွန် သွားလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ဖောက်လုပ်နေသည့် အင်းမ- ဘန့်ဘွေးကျင်း ရေတံခွန်သွား မြေသားလမ်း ဖောက်လုပ်နေမှုအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်၊ ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ထက်၊ နောင်ချိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသွင်ကိုကိုမင်းနှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန် က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မိုင်းယောင်းမြို့နယ် ဝမ်ပုံဘုရားစေတီကုန်း၌ ပန်းအလှချယ်ရီပင် ၉၀ ကျော်စိုက်ပျိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ပုံဘုရားစေတီကုန်း၌ ယနေ့ နံနက်ပိုင်းတွင် ပန်းအလှချယ်ရီပင်များ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မိုင်းလုံမြို့တွင် (Facility Quarantine) ထားရှိသူ (၇)ဦး၏ နှာခေါင်းနှင့်အာခေါင်တို့ဖတ် နမူနာများရယူ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် (၁၅)ကြိမ်မြောက် နှာခေါင်းနှင့် အာခေါင်တို့ဖတ်နမူနာများ ရယူခြင်းကို ယမန်နေ့နံနက် က မိုင်းလုံမြို့ အခြေခံပညာ အထက်တန်းကျောင်း (Facility Quarantine) တွင် ‌ ဆောင်ရွက်ခဲ့သည်။

တာလေ၌ နွေကာလ မတိုင်မီ သောက်သုံးရေ ပြတ်လပ်မှုရှိနေသည့် ကျေးရွာအချို့အတွက် သောက်သုံးရေ အဆင်ပြေစေရေး မြေပြင်ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာလေမြို့ နားယောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာအချိုနှင့် နွေကာလမတိုင်မီ ရေဦး ရေဖျား ရေခမ်းခြောက်ခြင်းနှင့် သောက်သုံးရေ ပြတ်လပ်မှု အခက်အခဲများ ရှိနေသည့် ပန်ချီဟက် ကျေးရွာအတွက် ရေလုံလောက်စွာ ရရှိရေးနှင့် သောက်သုံးရေ အဆင်ပြေစေရန် စိမ့်စမ်းရေထွက်နေရာနှင့် စိမ့်စမ်းရေသွယ် လုပ်ငန်း ဆောင်ရွက်မည့် နေရာအထိ ဒီဇင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းက ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ရှိ သူများက ကွင်းဆင်း တိုင်းတာခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၆) ဦး ထပ်မံတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်သို့ ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည် ရောက်ရှိလာသူများအား ဒေးဒရဲမြို့၌ FQ ထားရှိပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက နှာခေါင်းတို့ပတ်၊ အာခေါင်တို့ပတ်များရယူ၍ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာန (NHL) သို့ ဒီဇင်ဘာလ ၂၆ ရက်နေ့၌ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Subscribe to