အိမ်မဲမြို့ ကိုဗစ်-၁၉ ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသော လူနာ(၂)ဦး ရောဂါသက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကိုဗစ်-၁၉ ယာယီဆေးရုံတွင် ပိုးတွေ့ရှိ၍ တက်ရောက်ကုသနေသော လူနာ(၂)ဦးမှာ ယမန်နေ့က ရောဂါများ သက်သာပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေးနှင့် မလိုအပ်ဘဲ နယ်မြေကျော်လွန်သွားလာခြင်း မပြုရန် စစ်ဆေးမှုများ ဆောင်ရွက်

လတ်တလောဖြစ်ပွားနေသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုအား ကာကွယ် တားဆီးနိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားသည့် Stay at Home ကာလအတွင်း လူစုလူဝေး မဖြစ်ပေါ်စေရန်နှင့် ရောဂါကူးစက်ပျံ့နှံ့မှုလျော့ကျစေရန် ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်ရှိ ဈေးများ၊ ကားဂိတ်များနှင့် မြို့အဝင်အထွက်နေရာများတွင် မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေ စနစ်တကျတပ်ဆင်ရေးနှင့် မလိုအပ်ဘဲ အပြင်သွားလာခြင်းများ မပြုရန် စစ်ဆေးမှုများကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မိုင်းရယ်၌ အမျိုးသမီးများငွေစုငွေချေးဆိုင်ရာ ဆွေးနွေးပွဲ အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်ရှိ Network Activities Group (NAG)မှ အမျိုးသမီးများငွေစုငွေချေးဆိုင်ရာဆွေးနွေးပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီ အချိန်က ပြည်ထောင်စုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

တာမွေမြို့နယ်တွင် စျေးကားများဖြင့် သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန် ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်မှ ကြီးမှူး၍ ညီနောင်လုပ်ငန်းရှင် အသင်းများမှ ဒီဇင်ဘာလ(၂၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန်မှ စတင်ကာ တာမွေမြို့နယ် မေတ္တာညွှန့်ရပ်ကွက်ရှိ ရာဇသင်္ကြန်လမ်း (ဇေယျာသုခလမ်းနှင့် မာလာနွယ်လမ်းကြား)၌ သန့်ရှင်းလတ်ဆတ်သော

​အမျိုးသမီးအကြမ်းဖက်မှု တားဆီးကာကွယ်​ရေး အသိပညာ​ပေး “Talk Show” ပြုလုပ်

ကယားပြည်နယ်၊​​​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူး​ပေါင်း၍ ​​အမျိုးသမီး အကြမ်းဖက်မှု တားဆီးကာကွယ်​ရေး အသိပညာ​ပေး “Talk Show’’ ကိုယ​​​နေ့နံနက်(၁၀)နာရီက ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာန၊ လူထုအ​ခြေပြုဗဟိုဌာန “Community Center’’ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့ တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ် ရေး လက်တွေ့ သရုပ်ပြသခြင်းနှင့် အသိပညာဟောပြောပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့ မြို့နယ်မီးသတ်တပ်ဖွဲ့မှူး ဦးစီးအရာရှိ ဦးမျိုးသူအောင် ဦးဆောင်၍ ဌာနဆိုင် ရာများအား မီးငြိမ်းသတ်နည်း အသိပညာပေးဟောပြောပွဲနှင့် ဆေးဘူးဖြင့် လက်တွေ့ မီးငြိမ်း ပြသမှုကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ပြုလုပ်ခဲ့ ကြောင်းသိရှိရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ စစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင် စေရန် အတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ နှင့်အညီ ဆောင်ရွက်ထားမှုကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် Mask Campaign ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ စီစဉ်မှုဖြင့် Mask Campaign ကို မြို့ပေါ်ရှိ ဈေးများတွင် ယနေ့နံနက် ၆ နာရီကစ၍ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ် အထက တနော်ကျွန်းကျောင်း၌ ကျောင်းဆောင်သစ် ၇၅ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် အထက တနော်ကျွန်းကျောင်း၌ ကျောင်းဆောင်သစ် ၇၅ ရာခိုင်နှုန်းခန့် ဆောက်လုပ်ပြီးစီးမှု အခြေအနေများအား ဒီဇင်ဘာလ ၂၁ ရက်နေ့က တာဝန်ရှိသူများက သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

COMMUNICATION FOR MANAGEMENT ကျောင်းတာဝန်ခံများ C4M Mobile Application အသုံးပြုနည်း မြို့နယ်အဆင့် ဆင့်ပွားသင်တန်းပို့ချ

လွိုင်ကော်မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း (၁၂၅) ကျောင်းရှိ ထက်/လယ်/မူ ကျောင်းအုပ်ကြီးများအား C4M Mobile Application အသုံးပြုနည်း မြို့နယ်အဆင့် ဆင့်ပွား သင်တန်းကို ယမန်နေ့နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ပညာရတနာ ခန်းမဆောင်၌ ဖွင့်လှစ်ခဲ့သည်။
Subscribe to