နောင်ချိုမြို့နယ်၊ ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းစီမံချက် အတွက် သိန်း(၁၀၀၀)ခွင့်ပြုလျာထား
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၊ ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းစီမံချက်အတွက် နောင်ချိုမြို့နယ် ခရီးစဉ်ဒေသစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးရုံးခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသက်လင်းနှင့်တာဝန်ရှိသူများသည် ယမန်နေ့ ညနေပိုင်းက ကျောက်တော(စံပြ)ကျေးရွာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း (CBT) ကော်မတီဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။