တီးတိန်၌ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် အပြင်သွားပါက နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့မရပ်ကွက် နာရီစင်အနီးတွင် ဆောင်ရွက်ကြောင်း သိရသည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦး ကျန်းမာရေးကောင်းမွန်သောကြောင့် ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့၊ခုတင်-၃၀၀ဆံ့ဆေးရုံ(တိုင်းရင်းဆေးရုံ)နှင့်ပြည်သူ့အဌား အိမ်ယာ (အိတ်စွပ်) တို့တွင် ဆေးကုမှုခံ ယူနေကြသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၇) ဦး တို့သည် ဆေးရုံဆင်း သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သောကြောင့် ယနေ့မွန်းလွှဲ ပိုင်းက ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။

အင်းစိန်ဆေးရုံကြီး၊ ဖျားနာဆောင်တွင် ဆေးကုသမှုခံယူနေသူများနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို အသင့်စားသုံးနိုင်သည့် ထမင်းဘူး(၂၀၀)လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေ ရန်နှင့် ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)၊ ဖျားနာ ဆောင်တွင် ဆေးကုသမှုခံယူနေသူ များနှင့် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများကို အသင့်စားသုံးနိုင် သည့် ထမင်းဘူး(၂၀၀)ကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေရောဂါကုဆေးရုံကြီး (အင်းစိန်)တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထီးလင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင်ထုတ်ပေး

ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ဂန့်ဂေါခရိုင် ထီးလင်းမြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲရုံးတွင် ယနေ့နံနက် ၈ နာရီမှ စ၍ အငြိမ်းစား ဝန်ထမ်းများအား ပင်စင်လစာများ စတင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၊ ပင်လုံမြို့သို့ ဝင်ရောက်လာသည့် ပြည်သူ(၉)ဦးအား ပင်လုံတက္ကသိုလ် (ကျူရုံး) ဘော်ဒါဆောင် ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ စနစ်တကျထားရှိ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၌ ယမန်နေ့ည ၇ နာရီ ၃၀ မိနစ် အချိန်က ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူ ပင်လုံမြို့မှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၂)ဦး၊ စစ်ကိုင်းမြို့မှနေရပ်သို့ ပြန်လာသူ ကျောင်းသူများမှာ ဆဟောင်းကျေးရွာအုပ်စု၊ နောင်ပိန်းကျေးရွာတွင် နေထိုင်သူ အမျိုးသမီး(၄)ဦး၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့သို့ အလုပ်ကိစ္စဖြင့်ရောက်ရှိလာသည့် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်တွင် နေထိုင်သူကျား(၂)ဦး စုစုပေါင်း(၉)ဦး တို့အား ပင်လုံတက္ကသိုလ်(ကျူရုံး)ဘော်ဒါဆောင် ကန့်သတ်စောင့်ကြည့်ရေးစခန်း၌ စနစ်တကျစီစဉ်ထားရှိပေးကြောင်း သိရသည်။

လဲချားတွင် ၂၀၂၀-၂၀၂၁ခုဘဏ္ဍရေးနှစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းနှင့် ကျေးရွာ ဖွံ့ဖြိုးရေး စီမံကိန်း( VDP )ကျေးရွာရွေးချယ်ခြင်း အခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊လွိုင်လင်ခရိုင်၊လဲချားမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍရေးနှစ် မြစိမ်းရောင် ကျေးရွာစီမံကိန်းနှင့်ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း( VDP )ကျေးရွာရွေးချယ်ခြင်း အခမ်း အနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

နောင်တရားမြို့၌ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့နိုင်ရေး ဒုတိယအကြိမ်စာရင်းကောက်ယူ

ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အမှတ်(၁) ရပ်ကွက်၌ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေး သူငယ်များအား ငွေကြေးထောက်ပံ့နိုင်ရေး ဒုတိယ အကြိမ် စာရင်း ကောက်ယူ လျက်ရှိကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများ အား နေ့အလိုက် ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့နံနက် ၇ နာရီအချိန်ခန့်မှစတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကျေးရွာဖွံဖြိုးတိုးတက်ရေးစီမံကိန်း(VDP)အကြောင်းမိတ်ဆက် ရှင်းလင်းခြင်း နှင့်ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ကျေးရွာဖွံဖြိုး တိုးတက်ရေး စီမံကိန်း (VDP ) အကြောင်းမိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့ စည်းခြင်း လုပ်ငန်းများကို ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ယမန်နေ့ နံနက်(၉)နာရီ အချိန်ခန့်က ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask and Face shield Campaign များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရမှုမှ ကြိုတင်ကာကွယ်ရေး အတွက် လူစည်ကားရာနေရာများတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များက အသိပညာပေးခြင်းနှင့် Mask and Face shield Campaign များကို ယမန်နေ့ ညနေပိုင်းအချိန်က ကန်တော်ကြီး၌ ဆောင်ရွက်ခဲ့ကြသည်။
Subscribe to