မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကြက်ခြေနီတပ်ဖွဲ့မှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရမှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းနှင့် Mask and Face shield Campaign များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိ

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရမှုမှ ကြိုတင်ကာကွယ်ရေး အတွက် လူစည်ကားရာနေရာများတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် များက အသိပညာပေးခြင်းနှင့် Mask and Face shield Campaign များကို ယမန်နေ့ ညနေပိုင်းအချိန်က ကန်တော်ကြီး၌ ဆောင်ရွက်ခဲ့ကြသည်။

ဟင်္သာတမြို့နယ် ဒူးယါးမြို့၌ ကိုဗစ်-၁၉ ကျန်းမာရေး အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ပြုလုပ်

ဧရာ၀တီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ဒူးယါးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း ပြုလုပ်နေကျဖြစ်သည့် ကျန်းမာရေး အသိပညာ ပေးခြင်းနှင့်အတူ နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး လှုပ်ရှားမှု (Mask Campaign) ကို ယမန်နေ့က လူစည်ကားများပြား သွား/လာ ကြသည့် လမ်းမကြီးနှင့် စျေးများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်း များ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပူးပေါင်း ၍ အဖွဲ့ပိုင်မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် တားဆီးရေး လုပ်ငန်း များ ကို ယမန်နေ့ ညနေ ၃ နာရီအချိန်ခန့်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

Mobile Market စျေး ရောင်းယာဉ်များဖြင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက် အသား၊ ငါး စားသောက်ကုန်များအား ရပ်ကွက်များအတွင်း လှည့်လည်ရောင်းချပေး

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ သန့်ရှင်းလတ်ဆတ်သော သား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန်များ အား သင့်တင့်​သော စျေးနှုန်းဖြင့် ပြည်သူများ အလွယ်တကူ ဝယ်ယူရရှိနိုင်ရန်အတွက် ယနေ့ နံနက်ပိုင်း က ရပ်ကွက်များအတွင်းသို့ ကားများဖြင့် လှည့်လည် ရောင်းချပေးခဲ့ ကြောင်း သိရသည်။

မြစ်ကြီးနားဘူတာ၌ ကျန်းမာရေး စစ်ဆေးခြင်း လုပ်ငန်းများ နေ့စဉ်ဆောက်ရွက်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြန်မာ့မီးရထားဘူတာရုံ၌ ကိုဗစ်- ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ခရီးသွားပြည်သူများအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ နေ့စဉ် စစ်ဆေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဟားခါး၌ ကိုဗစ်-၁၉ ရောဂါ Case-104756, Case-104757နှင့် Case-104758 တို့တွင် ရောဂါပိုးကင်းစင်သဖြင့် တိုင်းရင်းဆေးရုံမှ ဆင်းခွင့်ပြု

ချင်းပြည်နယ် ဟားခါးမြို့မှ COVID-19 ရောဂါပိုးတွေ့ရှိသူ Case-104756,Case-104757နှင့် Case-104758တို့ကို ဟားခါးမြို့ တိုင်းရင်းဆေးရုံကြီးသို့ ကြီးကြပ်ကန့်သတ်၍ ဆေးကုသမှု ခံယူနေရာမှ ဓာတ်ခွဲစစ်ဆေးမှုတွင် (၂)ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိရတော့သဖြင့် ယမန်နေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုပြီ ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ကိုဗစ်-၁၉ကပ်ရောဂါကူးစက်ခံရသည့် အတည်ပြုလူနာ (၅)ဦး ထပ်မံတွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့တွင် ဒီဇင်ဘာလ၂၀ရက်နေ့က ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ ကိုဗစ်-၁၉ကပ်ရောဂါ အတည်ပြုလူနာများနှင့်ဆက်စပ်သူ (၄၃)ဦးအနက်(၂)ဦးတွင် လည်း ကောင်း၊ ဒီဇင်ဘာ(၁၇) ရက်နေ့က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Positive လူနာများ၏ Contact များအား ဓါတ်ခွဲနမူနာရယူပြီး ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး)သို့ ပေးပို့ စစ်ဆေးထားသူ (၂၇) ဦးအနက်(၃)ဦးတွင် လည်းကောင်း(စုစုပေါင်း ၅ဦး)တွင် ကိုဗစ်-၁၉ ကပ်ရောဂါ Positiveအဖြေ ထွက်ရှိကြောင်း သိရသည်။

မဘိမ်းမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီသို့ ပါရမီရှင်လူမှုကူညီရေးအသင်းမှ အလှူငွေများပေးအပ်လှူဒါန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီသို့ နမ့်ပုံးပုံးရပ်ကွက်ရှိ ပါရမီရှင်လူမှုကူညီရေးအသင်း၏ (၅)နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီခွဲအ ချိန်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိ ရှိရသည်။

ရွာသစ်မြို့ တောင်ပေါ်အတက်လမ်း ဓာတ်တော်စေတီ ကွန်ကရစ်လမ်းပြီးစီး၍ ဘုရားဖူးသွားလာသူများ အဆင်ပြေ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုး ဖြည့်စွက်ရန်ပုံငွေ (၈၄.၆၆၃) သန်းဖြင့် ဆောင်ရွက်သော ရွာသစ်ဓာတ်တော်စေတီ တောင်ပေါ်အတက်လမ်း ပေ(၁၉၈၀)ပေ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို မေလ ၂၀ ရက်နေ့တွင် ကယားငွေသဇင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ တောင်ပေါ်အတက်လမ်း ကားများ၊ ဆိုင်ကယ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင် ကြောင်း သိရသည်။

ဗန်းမော်ခရိုင်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် သံကူကွန်ကရစ် တံတား (၂) စင်း တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်းကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် တာဝန်ရှိသူများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဗန်မော်ခရိုင်၊ နတ်ခုတ်-ဗူးတောင်း-ကျောက်အိုက်-နောင်မို ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား (၂) စင်း တည်ဆောက်နေမှုအား ယမန်နေ့နံနက် ၁၁ နာရီတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
Subscribe to