ရွာသစ်မြို့ တောင်ပေါ်အတက်လမ်း ဓာတ်တော်စေတီ ကွန်ကရစ်လမ်းပြီးစီး၍ ဘုရားဖူးသွားလာသူများ အဆင်ပြေ
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့၌ ကယားပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ ဖွံ့ဖြိုး ဖြည့်စွက်ရန်ပုံငွေ (၈၄.၆၆၃) သန်းဖြင့် ဆောင်ရွက်သော ရွာသစ်ဓာတ်တော်စေတီ တောင်ပေါ်အတက်လမ်း ပေ(၁၉၈၀)ပေ ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို မေလ ၂၀ ရက်နေ့တွင် ကယားငွေသဇင်ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး ယခုအခါ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ တောင်ပေါ်အတက်လမ်း ကားများ၊ ဆိုင်ကယ်များ အဆင်ပြေချောမွေ့စွာ သွားလာနိုင် ကြောင်း သိရသည်။