ရေဖြူမြို့နယ်၌ Youth Club အဖွဲ့က ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နေအိမ်ပြင်ပ သွားလာသူများ Mask Campaign ပြုလုပ်

ကိုဗစ်-၁၉ရောဂါ ကူးစက်မှုဖြစ်ပွားနေဆဲဖြစ်သည့်အတွက် လူတိုင်းအပြင်ထွက်လျှင် နှာခေါင်းစည်းMask တပ်ဆင်သွား လာရေး အသိပညာပေးခြင်းကို တနင်္သာရီတိုင်းဒေသကြီး ၊ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ယနေ့နံနက် ပိုင်းက ကျောက်တိုင်လမ်းနှင့် ဆေးရုံလမ်းဆုံ၊ မေတ္တာလမ်းတို့တွင် ရေဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် Youth Club အဖွဲ့တို့ ပူးပေါင်းကာဆောင်ရွက်ခဲ့ကြသည်။

သရက်ချောင်းမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ်ရှိ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် အသိပညာပေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရန်တောင်ကျေးရွာနှင့် သင်းကျွန်းကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဘားအံမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးပြုလုပ်

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ထားဝယ်မြို့ တဂူသိမ်စျေးတွင် ခွင့်မပြု၊ သက်တမ်းလွန်အစားအသောက်၊ အလှကုန်များ ရောင်းချမှုရှိ မရှိ စစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက်များ၊ အလှကုန်ပစ္စည်းများအားဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခြင်းမရှိစေရန်နှင့်အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန် ယမန်နေ့ နံနက်ပိုင်းက တဂူသိမ်စျေးတွင် ပြည်သူလူထုနေ့စဉ် စားသောက်၊ အသုံးပြုနေသောအ ခြေခံစားကုန်များနှင့်အလှကုန်များ ဘေးအန္တရာယ်ကင်းရှင်းစေရေး ခွင့်မပြု၊ သက်တမ်း လွန်အစားအသောက်၊ အလှကုန်များကို ကြည်ရှု့စစ်ဆေး ​ခဲ့ကြောင်းသိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ပြတ်ရှဒါဏ်ရာများဖြင့် လူသေအလောင်း ၂ လောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက်၊ ငမိုးရိပ် (၆) လမ်း၊ အပိုင်း(၃)၊ အမှတ်(၄၀၅) ပထမထပ်တွင် ယနေ့ နေ့လယ် ၃ နာရီက လူသေဆုံးမှု ဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများက သက်သေများနှင့်အတူ နေအိမ်အခန်းအား ဝင်ရောက်စစ်ဆေးရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာ များဖြင့် သေဆုံးလျက်ရှိသည်ကို တွေ့ရှိရကြောင်း သတင်းရရှိသည်။

မြသပိတ်စေတီတော်မြတ်ကြီး၌ ထားရှိသည့် ကြေးမောင်းတော်ကြီး ဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့မြသပိတ်တောင်တန်းပေါ်ရှိ မြသပိတ်စေတီတော်မြတ်ကြီးတွင် ထိုင်းနိုင်ငံမှ လာရောက်လှူဒါန်းထားသည့် အချင်း ၁၂ ပေပတ်လည်၊ အလေးချိန် ၁ တန်ခန့်ရှိသော အာဆီယံတံဆိပ်ပါ‌ ကြေးမောင်းတော်ကြီးကို ယမန်နေ့ နံနက်က စတင်ဖွင့်လှစ်ခဲ့သည်။

ဗန်းမောက်မြို့နယ်တွင် နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign လူထုလှုပ်ရှားမှု ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့်ကြိုတင်ကာကွယ်‌ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး အသိပေး နှိုးဆော်ခြင်းနှင့် လူထုလုပ်ရှားမှု (Mask Campaign)ကို ယမန်နေ့နံနက်ပိုင်းက မြို့မ စည်ပင်သာယာရေး စျေးအတွင်းအပြင်နှင့် လူစည်ကားရာ ဗိုလ်ချုပ်လမ်းမတစ်လျှောက်၌ နှာခေါင်းစည်း (Mask) အခမဲ့ဝေငှခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ခရိုင်၌ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ရပ်တန့်ရေး အသိပညာပေး (Talk Show) ​ဆောင်ရွက်

ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ကလေးသူငယ်အခွင့် အရေးများ ဆိုင်ရာနှင့်ပတ်သက်၍ နိုင်ငံတော်မှ ချမှတ်ထားသည့် ဥပဒေများ၊ မူဝါဒများ သိရှိ နိုင်စေရန် ရည်ရွယ်၍ ကလေးသူငယ်များအပေါ် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရပ်တန့်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲ​ကို ယနေ့ နံနက်(၁၀)နာရီက မော်လမြိုင်ခရိုင် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ဆောင်ရွက်ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ပညာရေးဌာနမှမြို့နယ်အဆင့် C4M mobile Application အသုံးပြုနည်း ဆင့်ပွား သင်တန်းဖွင့်လှစ်

မွန်ပြည်နယ်မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင်ပညာရေးဌာနမှမြို့နယ်အဆင့် C4M mobile Application အသုံးပြုနည်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိရှင်အရဟံခန်းမ၌ ဖွင့်လှစ်သည်။

ကျိုက်မ​ရောတွင် ငှက်ဖျား​ရောဂါကူးစက်မှု ပ​ပျောက်​ရေး အသိ​ပညာပေးသင်တန်း ဖွင့်လှစ်

မော်လမြိုင်ခရိုင်၊ကျိုက်မ​ရောမြို့နယ် ပြည့်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်​သော ငှက်ဖျား​ရောဂါ ကူးစက်မှု ပ​​ပျောက်​ရေး အသိ​​​ပညာပေးသင်တန်းကို ယ​နေ့နံနက် ၁၀ နာရီ က ကျိုက်မ​ရောမြို့ ပြည်သူ့​ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့​ကြောင်း သိရသည်။
Subscribe to