ရွှေကူမြို့နယ်၌ ကုန်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား Test Kit ဖြင့် စစ်ဆေးရာတွင် ယာဉ်မောင်း(၁)ဦးထံ၌ ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ကချင်ပြည်နယ်၊ ဗန်မော်ခရိုင် ရွှေကူမြို့ အောက်လေးလမ်းဆုံ စုပေါင်းစစ်ဆေးရေးဂိတ်၌ ရောက်ရှိလာသည့် ကုန်တင်ယာဉ်(၇၅)စီးမှ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက် (၁၄၁)ဦးအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက ဒီဇင်ဘာလ ၁၇ ရက် နံနက် ၉ နာရီခွဲခန့်တွင် RDT(Rapid Antigen Diagnostic Test Kit)ဖြင့် ကိုဗစ်−၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးခဲ့ရာ (၄)ဘီး ကုန်တင်ယာဉ်မှ ယာဉ်မောင်း ရွှေဘိုမြို့ ကုန်းဘောင်ရပ်၊ အမှတ်(၁၀)ရပ်ကွက်၌ နေထိုင်သော အမျိုးသား(၁)ဦးထံတွင် ကိုဗစ်−၁၉ ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရသည်။

စည်ပင်ဈေး၊ စည်ပင်ရုံးနှင့် ရိပ်သာများတွင် မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ရှိစည်ပင်ဈေး ၊စည်ပင်ရုံးနှင့် ရိပ်သာနေရာများတွင် မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ယနေ့နံနက်က ကြိုတင်သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ကြောင်း သိရသည်။

ရမည်းသင်းမြို့နယ် လက်ဆည်ကန်ကျေးရွာအနီး ဆီဘောက်ဆာ တိမ်းမှောက်မှုကြောင့် ယာဉ် အစီး (၃၀၀) ကျော် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်

ယနေ့နံနက် ၉ နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ် လက်ဆည်ကန်ကျေးရွာ အနီးတွင် 95 အမျိုးအစား လောင်စာဆီ သယ်ဆောင်မောင်းနှင်လာသည့် ဆီဘောက်ဆာ ကားတစ်စီး တိမ်းမှောက်ခဲ့ရာ မီးဘေးအန္တရာယ်ဖြစ်ပေါ်နိုင်သဖြင့် နေ့လယ် ၁၂ နာရီခန့်မှစတင်၍ ရန်ကုန်-မန္တလေးကားလမ်းမကြီးပေါ် ယာဉ်သွားလာခြင်းကို ခေတ္တရပ်ဆိုင်းထားကြောင်း သိရသည်။

ပခုက္ကူဈေးကွက်သို့ ကြက်သွန်နီအသစ်များ ဝင်ရောက်လာ

ပခုက္ကူမြို့ရှိပွဲရုံများသို့ ကိုင်းကျွန်းကြက်သွန်နီအသစ်များနေ့စဉ် ဝင်ရောက်လျှက်ရှိကြောင်း သိရသည်။

နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန် အလှူငွေများထည့်ဝင်လှူဒါန်းနိုင်ရေး ညှိနှိုင်းဆွေးနွေး

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းစဉ်များတွင် အသုံးပြုရန်အတွက် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ရေး လုပ်ငန်းရှင်များနှင့်ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့မွန်းလွဲ (၁)နာရီခွဲအချိန် က နောင်ချိုမြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့ စာသင်ကျောင်းလမ်း၌ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ စည်ပင် သာယာ ရေးဦးစီးဌာနမှ မြို့အတွင်း၌ သန့်ရှင်းသာယာလှပရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပြုလုပ်ဆောင်ရွက် နေသည့် ချင်းရွှေဟော်မြို့၊ အမှတ်(၃)ရပ်ကွက်ရှိ၊ အခြေခံပညာ အထက်တန်းကျောင်းရှေ့လမ်း၌ အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်းမှာ ယနေ့ နံနက်(၁၀)နာရီအချိန်က ရာနှုန်းပြည့် ပြီးစီးကြောင်း သိရသည်။

မြစိမ်းရောင်ကျေးရွာ စီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းသင်တန်း ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်မည့် ကညင်ကောက်၊ ကျုံတနီးတာကွေ့၊ ဆောက်သေနှင့် ကလော်ကုန်းကျေးရွာ ၄ ရွာအား ယနေ့နံနက် ၁၀ နာရီက အဆိုပါရုံး အစည်းအဝေးခန်းမတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်း သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။

မိုင်းငေါ့မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပျက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများအဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မိုင်းငေါ့မြို့ အခြေခံပညာ အထက်တန်းကျောင်းအနီး၌ ဖွင့်လှစ်ထားသော ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ခရီးသွား ပြည်သူများအား နေ့စဉ်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်လျက် ရှိပါသည်။

ပခုက္ကူမြို့နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း အကြောင်း မိတ်ဆက်ခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများ ဆက်လက်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာငါးရွာတို့၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၆ရက် နံနက်ပိုင်းမှစတင်၍ ဆောင် ရွက်ကြကြောင်းသိရသည်။

ထန်ပါခွေမြို့၌ Quarantine Center အသစ်ထားရှိမည့် နေရာအား စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီအချိန်က Quarantine Center အသစ်ထားရှိမည့်နေရာအား စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Subscribe to