ပုဗ္ဗသီရိမြို့နယ်၌ မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများမီးဘေး အန္တရာယ်ကင်းဝေးစေရန်အတွက် အသိပညာပေးခြင်းနှင့် တရားမဝင်စက်သုံးဆီဆိုင်များ ရောင်းချမှု မရှိစေရေးကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ကျည်တောင်ကန် အမှတ်(၂)ရပ်ကွက်အတွင်း၌ ဆောင်ရွက်ခဲ့သည်။

ဟင်္သာတ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်မည့် ကျေးရွာများ၌ စီမံကိန်း လုပ်ငန်းများ ရှင်းလင်းခြင်းနှင့် ကော်မတီရွေးချယ်ခြင်းတို့ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက် မည့် ကိုင်းတောကွင်းကျေးရွာအုပ်စု၊ လဟာက ကျေးရွာနှင့် ရိုးကြီးအုပ်စု၊ ဖလံတောင်မွေးကုန်း ကျေးရွာတို့တွင် ယနေ့ နံနက် ၉ နာရီအချိန်တွင် စီမံကိန်းလုပ်ငန်းများ မိတ်ဆက်ရှင်းလင်းခြင်း နှင့် ကော်မတီရွေးချယ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၀) ဦး ထပ်မံတွေ့ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ပြည်တွင်း၊ ပြည်ပများမှ မိမိနေရပ်သို့ ပြန်လာပြီး Facility Quarantine ဝင်ရောက်နေသူနေရပ်ပြန်များနှင့် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာနှင့် ထိတွေ့မှုရှိ၍ အသွားအလာကန့်သတ်

မြဝတီမြို့၌ ယာဉ်တိုက်မှုလျှော့ချရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဆောင်ရွက်

မော်တော်ယာဉ်စီးနင်းသူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေနိုင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ်(၄) ရပ်ကွက်ရှိ သံတံတားရှေ့တွင် ပြုလုပ် ဆောင်ရွက်ခဲ့သည်။

အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးကုသမှုခံယူနေသူ(၁၀)ဦးသာကျန်ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ များအနက် ဆေးကု သမှုခံယူနေသူ ၁၀ ဦးသာ ကျန်ရှိတော့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ယနေ့ နံနက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖျာပုံမြို့ပေါ်ရှိ လူစည်ကားရာနေ့ရာများတွင် မိုဘိုင်းလှည့်လည်ရေး(Mobile Team)အဖွဲ့ သုံးဖွဲ့ဖြင့် ကတ်ပြားများ၊ Mask များကိုလှည့်လည်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့တွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များအတိုင်း သွားလာစေရေး စစ်ဆေးရေးဂိတ် (၇)ခုအပြင်၊ Mobile Team အဖွဲသုံးဖွဲ့ဖြင့် နံနက် ၆ နာရီမှ မွန်းတည့် ၁၂ နာရီ၊ မွန်းတည့် ၁၂နာရီမှညနေ ၆ နာရီ၊ ညနေ၆ နာရီမှ ည၁၀ နာရီအထိ အဖွဲ့(၃)ဖွဲ့ခွဲ၍ မြို့တွင်းလူစည်ကားရာလမ်းများတွင် လှည့်လည်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာသစ် (၅)ဦးထပ်မံတွေ့ရှိ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြု လူနာသစ် (၅)ဦး ထပ်မံတွေ့ ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၌ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ(၁၄)ဦး ထပ်မံတွေ့ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လေးအိမ်တန်းကျေးရွာအုပ်စု၊ စိန်လေးကုန်း ကျေးရွာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းတွင် အမြန်သွေးစစ်ကိရိယာ (RDT) test kits ဖြင့် သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ၂၄ နာရီ လျှပ်စစ်မီး အပြည့်အဝ သုံးစွဲနိုင်တော့မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မြောက်ရွာကျေးရွာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက်

နမ္မတူမြို့နယ်၌ (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်စားသုံးခွင့်စနစ်ဖြင့် ရောင်းချခွင့်ပြု

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ဆောင်ရွက်ထားရှိသော (A) အဆင့်ရ နမ္မတူမြို့နယ်အတွင်းရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသုံးခွင့်စနစ်ဖြင့် ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက် (၉)နာရီခွဲ အချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့သည်။
Subscribe to