ကောလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask Campaign လှုပ်ရှားဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့၌ နှာခေါင်းစည်းဝတ်ဆင်ရေး (MaskCampaign) ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ယနေ့နံနက် ၇ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်း ဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးနှင့် နှာခေါင်းစည်း မဖြစ်မနေ ဝတ်ဆင်ရေး လှုပ်ရှား ဆောင်ရွက်မှုကို ကိုဗစ်ရောဂါ ကာကွယ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာ များပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (WSAP) ဖြင့် ကျေးလက်နေပြည်သူများ၏ လယ်ယာမြေများ အဆင့်မြှင့်တင် ဖော်ဆောင်ပေးမည်

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ လယ်လန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာမြေ များအား အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (WSAP) ဖြင့် အဆင့်မြှင့်တင် ဖော်ဆောင် ပေးမည် ဖြစ် ကြောင်း သိရသည်။

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန် အစည်းအဝေး တတိယနေ့ ဆက်လက်ကျင်းပ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် (၂၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး တတိယ နေ့ကို ဒီဇင်ဘာလ(၁၆)ရက် နံနက်(၁၀)နာရီအချိန်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ တိုင်း ဒေသကြီး လွှတ်တော်ခန်းမတွင် ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး အတွင်းရှိ မဲဆန္ဒနယ် အသီးသီးမှ လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

ဖာပွန်ခရိုင်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်အစိုးရအဖွဲ့ (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ခရိုင်တည်ဆောက်ရေး ကြီးကြပ်မှုကော်မတီမှ ကွင်းဆင်း စစ်ဆေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်း နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအဖွဲ့(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ခရိုင်တည်ဆောက်ရေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဖာပွန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ အတွင်းရေးမှူး ဦးဝင်းကျော်ဦးနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ချင်းရွှေဟော်မြို့၌ နေရပ်ပြန်ပြည်သူများအား Rapid Test Kit ဖြင့် စစ်ဆေး

ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှ ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ အမျိုးသား (၁၇)ဦး၊ အမျိုးသမီး (၈)ဦး စုစုပေါင်းနေရပ်ပြန်ပြည်သူ (၂၅)ဦးအား ချင်းရွှေဟော်မြို့၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဆရာဝန်ဒေါက်တာသီဟနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် ယနေ့နံနက် (၁၀)နာရီအချိန် က ပြည်သူ့ဆေးရုံ၌ စစ်ဆေးခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် အရည်အသွေးမြင့်ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန် တွေ့ဆုံဆွေးနွေး

ကရင်ပြည်နယ် ဘားအံခရိုင် သံတောင်ကြီးမြို့နယ်တွင် Organic ကော်ဖီ ဧက ၅၀၀၀ တိုးချဲ့ စိုက်ပျိုးရေးနှင့် အရည်အသွေးမြင့် ကော်ဖီထုတ်လုပ်ရေးအတွက် သံတောင်ကြီးမြို့နယ် ကော်ဖီ အစုအဖွဲ့မှ တာဝန်ရှိသူများ၊ ကော်ဖီလုပ်ငန်းရှင်များနှင့် ကော်ဖီစိုက် တောင်သူများ တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ကျောက်တိုင်ကော်ဖီခြံခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မ​ရော၌ လူထုဗဟိုပြု စီမံကိန်း​ကျေးရွာအဆင့် စီမံကိန်းစက်ဝန်း မိတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်တွင် စိုက်ပျိုး​ရေး ​မွေးမြူရေးနှင့်ဆည်​​ မြောင်းဝန်ကြီးဌာန၊ ​ကျေးလက်​ဒေသဖွံ့ ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့်

မွန်ပြည်နယ် မော်လမြိင်ခရိုင် မုဒုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီအတွက် လူနာတင်ယာဉ်ကား(၄)စီးပေး အပ်လှူဒါန်းပွဲ အခမ်း အနား ကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း မွန်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီအတွက် လူနာတင်ယာဉ်ကား(၄)စီးပေးအပ် လှူဒါန်းပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီခန့်က မုဒုံမြို့နယ်မြို့မ(၄)ရပ်ကွက် ကြက်ခြေနီရုံး၌ ပြုလုပ် သည်။

ကိုဗစ်-၁၉ ကာလအတွင်း ကြက်ဈေးနှုန်း ကျဆင်းလာမှုကြောင့် ကြက်ခြံမွေးမြူရေးလုပ်ငန်း လုပ်ကိုင် သူများ အမြတ်ငွေရရှိမှု နည်းပါးလာ

ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်နှံ့မှုဖြစ်ပွားလာပြီး နောက်ပိုင်းကာလများတွင် ကြက်ဈေးနှုန်း ကျဆင်း လာမှု ကြောင့် ကြက်ခြံ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အမြတ်ငွေရရှိမှု နည်းပါးလာလျက် ရှိကြောင်း ပခုက္ကူမြို့နယ်၊ အနောက်နံဂါတ် ကျေးရွာတွင် ကြက်ခြံမွေးမြူရေးလုပ်ငန်းရှင်များထံမှ သိရ သည်။
Subscribe to