ပြည်တွင်းလေကြောင်းခရီး လိုက်ပါမည့်သူများ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းတွင် ကျန်းမာရေးစစ်ဆေးပေး
ပြည်တွင်းလေကြောင်းခရီး စီးနင်းလိုက်ပါကြမည့် ခရီးသွားပြည်သူများအား ယနေ့ နံနက်ပိုင်းက မင်္ဂလာဒုံ မြို့နယ် အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းရှိ ဒေသန္တရကျန်းမာရေးဌာန၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ ကျန်းမာရေးစစ်ဆေး ခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။