ကျိုင်းတုံမြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ခရိုင်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန် က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပသည်။

နောင်ချိုဟိုတယ်မှ မွေးနေ့အလှူအဖြစ် Quarantine Centre နှင့် Positive Centre များသို့ အလှူငွေနှင့်ထမင်းဘူးများလှူဒါန်း

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် နောင်ချိုဟိုတယ် ဦးပြုံးကိုကို+ ဒေါ်နန်းလောဝ်ဟိန်းတို့၏ သားငယ် မောင်အာကာမင်းထက်၏ မွေးနေ့အလှူအဖြစ် Quarantine Centre နှင့် Positive Centre များသို့ အလှူငွေနှင့် ထမင်းဘူးများကို ယမန်နေ့က လှူဒါန်းခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့မဈေးရှေ့ လမ်းမပေါ်နှင့် မြို့မဈေးအတွင်း၌ ယနေ့နံနက်ပိုင်းက အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

တောင်ငူ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းများ မိတ်ဆက်ရှင်းလင်း

​တောင်ငူမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင်​ကျေးရွာဖွံ့ဖြိုး​ရေးလုပ်ငန်း စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်မည့် ဆင်ဆိပ်ကျေးရွာအုပ်စု၊ ပန်းဘဲကျေးရွာ၌ စီမံကိန်းမိတ်ဆက်ရှင်းလင်းခြင်းနှင့် ​ကျေးရွာဖွံ့ဖြိုး​ရေးကော်မတီရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ပြုလုပ်၍ အသိပညာပေးဆောင်ရွက်

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်နှင့် အိမ်ပြင်ထွက်သူတိုင်း ပါးစပ်၊ နှာခေါင်းစည်း တပ်ဆင်‌စေရန် ရည်ရွယ်၍ Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက (၃၀)ရပ်ကွက် ဒဂုံရွှေပြည်စျေးတွင် လူထုအ‌ခြေပြု အကောင်အထည်ဖော် စီမံချက် အရ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ်တွင် မိုင်းစင်ဒဏ်ရာရ လူနာများအား ထောက်ပံ့ငွေပေးအပ်

ဂရုဏာလူမှုစည်းလုံးညီညွတ်ရေးအသင်း (KMSS)မှ နမ္မတူမြို့နယ်၌ ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် နမ္မတူမြို့နယ်၊ နားဆိုင်းကျေးရွာအုပ်စု၊ နမ့်ပိုင်ကျေးရွာအနီးတွင် (RCSS/SSA) အဖွဲ့နှင့် (TNLA) အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မိုင်းစင် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူ (၄)ဦးအား ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ညနေ (၅)နာရီအချိန်ခန့် က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းနှင့် အလှူငွေများ လှူဒါန်း

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် ပြည်သူ့ဆေးရုံအတွက် စေတနာရှင် အလှူရှင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းနှင့် အလှူငွေများကို ယနေ့တွင် လာရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ဆွမ်ပရာဘွမ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အင်ဆိုင်း ယန်ကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်မည့်မြေနေရာနှင့် စိမ့်စမ်းရေသွယ်လုပ်ငန်း ဆောင်ရွက်မည့် နေရာတို့အား ယမန်နေ့ မွန်းလွှဲ ၂ နာရီတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။

မြောက်က္ကလာပမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တစ်လစီမံချက်ဖြင့် ကိုဗစ်-၁၉ အသိပညာပေးခြင်းလုပ်ငန်းများဆောင်ရွက်

မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ကော်မတီ(ဗဟို)၏ လမ်းညွှန်မှုဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်နုနုခိုင် ကြီးကြပ်မှုဖြင့် ယမန်နေ့ ညနေ ၄ နာရီက ဝေဘာဂီရပ်ကွက်နှင့် တံတားကြီး ရပ်ကွက်တို့မှ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန် မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဘားအံမြိုတွင် ပအိုဝ်းနှစ်ကူးနေ့ အထိမ်းအမှတ် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပအိုဝ်းလူမျိုးတို့၏ ရိုးရာဓလေ့၊ စာပေသမိုင်း စတဲ့ယဉ်ကျေးမှု အမွေအနှစ်များ မပပျောက်စေရေး အတွက်ရည်ရွယ်ပြီး ပအိုဝ်းနှစ်ကူးနေ့ အထိမ်းအမှတ် အခမ်းအနားကို အကျဉ်းချုပ်အနေဖြင့် ပအိုဝ်း စာပေယဉ်ကျေးမှုရုံးတွင် ယမန်နေ့နံနက် (၁၀) နာရီက ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to