မိုင်းဖြတ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ပြည်သူများလိုက်နာဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှု အခွင့်အာဏာထိရောက်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းစည်းဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ပြည်သူများလိုက်နာဆောင်ရွက်နိုင်ရန် စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုအခွင့်အာဏာထိရောက်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ပြည်ခရိုင်မီးသတ်ဦးစီးမှူးနှင့်မိသားစုစည်းရုံးရေး ကော်မတီဥက္ကဋ္ဌ တို့မှပေါက်ခေါင်း မြို့နယ်မီးသတ်စခန်းနှင့် စိုက်ပျိုး မွေးမြူရေးခြံများသို့လာရောက်စစ်ဆေး

ပဲခူးတိုင်းဒေသကြီး  ပြည်ခရိုင်မီးသတ်ဦးစီးဌာနဦးစီးမှူးဦးအေးကျော်   ဦးဆောင်သော ခရိုင်အဆင့်စစ်ဆေး ရေးအဖွဲ့နှင့်ခရိုင်မိသားစုစည်းရုံးရေးကော်မတီဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် ယနေ့နံနက် ၇ နာရီက ပေါက်ခေါင်းမြို့နယ် မီးသတ်ဦးစီးမှူး ရုံးနှင့်နယ်မြေမီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များနှင့်စိုက်ပျိုး မွေးမြူရေး ခြံများသို့ လာရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။

နမ့်ဆန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းတွင် ပါဝင်ကူညီ ဆောင်ရွက်ပေးခဲ့ကြသော လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအား ဂုဏ်ပြုသည့် အခမ်းအနားပြုလုပ်

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းတွင် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသော လူမှုရေးအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအား ဂုဏ်ပြုသည့် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီအချိန် က ဒေသဦးစီးအဖွဲ့အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။

ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine Centre များမှ ပြည်သူများ စိတ်ဖိစီးမှုများ လျော့ချနိုင်စေရန်အတွက် Myanmar Fitness Dance ဖြင့် ကပြခြင်းများဆောင်ရွက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ရွှေကူမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွှေကူမြို့နယ်လုံးဆိုင်ရာ နာရေးကူညီမှု အသင်းတို့ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီခန့်တွင် ရွှေကူမြို့နယ်အတွင်းရှိ Facility Quarantine Centre များ၌ သွားရောက်၍ Myanmar Fitness Dance ဖြင့် ကပြခြင်းများ ပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် (Mask) များ အခမဲ့ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ရှိ ယာယီဈေးနှင့် ဈေးရောင်း၊ ဈေးဝယ် လာကြသူများအား

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခု၌ ဂျုံသီးနှံ ဧက(၇၆၀၀၀)ကျော် စိုက်ပျိုးပြီးစီး

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၇)ခုတွင် ဂျုံသီးနှံ (၇၆၀၆၇)ဧက စိုက်ပျိုး ပြီးစီးပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦး ၏ ပြောကြားချက်အရ သိရသည်။

မံစီ၌ ကတ္တားဂိတ် (Weight Bridge)ကို ဖြတ်ကျော်ရန်အတွက် တင်​ဆောင်လာသည့် ကုန်ပစ္စည်းများကို တန်ချိန် လျှော့စေရန် ဂိတ်အနီး၌ အခြားယာဉ်တစ်စီးဖြင့် ကဲ့၍သွားလာနေသည့် မော်တော်ယာဉ်များကို အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် ကောင်ရာရပ်ကွက် (မန္တလေး-လားရှိုး-ဗန်းမော်-မြစ်ကြီးနား) ပြည်ထောင်စု လမ်းမကြီး Km(569.50) ဆိုင်ဝမ်ကထောင် တန်ပိုစစ်ဆေးရေး ကတ္တားဂိတ် (Weight Bridge)ကို ဖြတ်ကျော်ရန်အတွက် ကုန်တင်ယာဉ်များမှ ကုန်ပစ္စည်းများကို တန်ချိန်လျှော့စေရန် ဂိတ်အနီး၌ အခြားယာဉ် တစ်စီးဖြင့် ကဲ့၍ သွားလာနေသည့် မော်တော်ယာဉ်များကို အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက မြို့နယ်လမ်းဦးစီးဌာန၊ ဦးစီးအရာရှိ (မြို့ပြ) ဦးသက်မျိုးနိုင်နှင့် တာဝန်ရှိသူများက သွားရောက် အသိပေး ခဲ့ကြကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ရန်ကင်းပရဟိတကျောင်းတွင် အသက် (၁၀) နှစ်အောက် ကလေးငယ်များအား အာဟာရနို့တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ အသက်(၁၀) နှစ်အောက် ကလေးငယ်များအား အဟာရနို့တိုက်ကျွေးခြင်းများ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဘယ်လင်း ကျေးရွာအုပ်စု၊ မြောက်ကျောက်မိုင်း ကျေးရွာရှိ အဝေရာရာမ ရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွင် ယနေနံနက် (၁၀) နာရီက အာဟာရနို့ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ် ရန်ကင်းပရဟိတကျောင်းတွင် အသက် (၁၀) နှစ်အောက် ကလေးငယ်များအား အာဟာရနို့တိုက်ကျွေး

မန္တလေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများရှိ အသက်(၁၀) နှစ်အောက် ကလေးငယ်များအား အဟာရနို့တိုက်ကျွေးခြင်းများ စီစဉ်ဆောင်ရွက်လျက်ရှိရာ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဘယ်လင်း ကျေးရွာအုပ်စု၊ မြောက်ကျောက်မိုင်း ကျေးရွာရှိ အဝေရာရာမ ရန်ကင်းပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း တွင် ယနေနံနက် (၁၀) နာရီက အာဟာရနို့ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
Subscribe to