အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံး မှန်တံတားကို ဂုတ်ထိပ်တံတားအနီးတွင် တည်ဆောက်မည်ဖြစ်ပြီး မှန်တံတားနှင့်အတူ အပန်းဖြေစီမံကိန်း စခန်းတစ်ခုကိုပါ တည်ဆောက်သွားမည်ဖြစ်သည်။
Jan 10,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဝိုင်းမော်မြို့နယ်၊ ရဟန္တာတစ်ထောင်ရှင်ပင် မြတ်စွာစေတီတော် တည်ထား ကိုးကွယ်ရာ ရွှေမိုးတောင်ပေါ်တွင် ဆွမ်းစားကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ရာ ယနေ့ နံနက် (၉)နာရီ ခွဲတွင် အဆိုပါ ကျောင်းဆောင်သစ်ကို ရေစက်ချလွှဲပြောင်းပေးအပ် လှူဒါန်းခဲ့ကြသည်။
Jan 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မြိုင်ဇေယျာကျေးရွာနှင့် ခပ်ချိုကျေးရွာတို့တွင် ကုန်ထုတ် လမ်းဖောက်လုပ်နေမှုနှင့် စက်ရေတွင်းတူး‌ဖော်ခြင်းလုပ်ငန်း စတင် ဆောင်ရွက်နိုင် ရေးအတွက် ယနေ့ နံနက် ၉ နာရီအချိန်၌ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jan 10,2021
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း နှစ်စဉ်မြစ်ရေကြီးမှု ဖြစ်စဉ်များ ဖြစ်ပွား လျက်ရှိ သဖြင့် ရေဘေးသင့်ပြည်သူများ အပါအဝင် သဘာဝဘေးသင့်ပြည်သူများ အရေးပေါ်ဘေးဒဏ် ခိုလုံရန် အဆောက်အဦ (Multipurpose Cyclone Shelter) တစ်လုံးအား ကျောက်တစ်လုံးကျေးရွာ အုပ်စု၊ မြေမအုံရွာတွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း ယမန်နေ့က သိရှိရသည်။
Jan 10,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျေးလက်ကျန်းမာ ရေးဌာန(ခွဲ)၌ မွေးကင်းစမှ အသက် (၂) နှစ် အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို ယနေ့ နံနက် (၉) နာရီက ဆောင်ရွက်ခဲ့သည်။
Jan 10,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့မ အခြေခံပညာ အထက်တန်းကျောင်းခွဲ School Garden ကျောင်းဥယျာဉ်အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါ ကျောင်းဆောင်၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 10,2021
ဂန့်ဂေါခရိုင် ကျောက်ထုမြို့အနီး သရက်ချဉ်ရွာနှင့် ငလွန်းကျေးရွာကြား ကျေးလက်လမ်းတွင် ယောချောင်းကူး သံကူကွန်ကရစ်တံတား ဆောက်လုပ်လျက်ရှိရာ အဆိုပါတံတားကို အရှည်ပေ ၂၅၀ ၊ အကျယ် ၁၄ ပေ၊ အမြင့် ၂၀ ပေတို့ဖြင့် ဆောက်လုပ်လျက်ရှိနေပြီး ပြည်ထောင်စု ရန်ပုံငွေ ကျပ်သိန်း ၅၅၀ ခွင့်ပြုထားကြောင်း သိရသည်။
Jan 10,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊အင်းမမြို့ မြို့မ စည်ပင်သာယာစျေးတွင် မြို့နယ် မီးသတ် ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် အင်းမနယ်မြေ မီးသတ်စခန်းမှ သန္ဓေ/အရန် မီးသတ် တပ်ဖွဲ့ဝင်များ၊ စျေးကော်မတီ ဝင်များ ပူးပေါင်း၍ ယမန်နေ့က မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် ဇာတ်တိုက် လေ့ကျင့် သရုပ်ပြခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရှိ ရသည်။