အမြို့မြို့အနယ်နယ်သတင်းများ

Jan 10,2021
ဟားခါးမြို့၊ မြို့သစ်ရပ်ကွက်တွင် လျှပ်စစ်အပူပေးစက် (Electronic Heater) သုံးစွဲရာမှ အပူလွန်ကဲပြီး ယမန်နေ့ ည ၁၁ နာရီ မိနစ် ၂၀ အချိန်ခန့်က လူနေအိမ (၃) လုံး မီးလောင်မှုဖြစ်ပွား၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
Jan 09,2021
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကညှော်ကျေးရွာရှိ ရွှေကျင်ဘုန်းကြီးကျောင်းတွင် ဇန်နဝါရီ ၉ ရက် မွန်းလွဲ ၁ နာရီခန့်က အဲကွန်းအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jan 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် အမှတ်(၃)ရပ်ကွက်ရှိ Quarantine Centre ၌ ဇန်နဝါရီလ ၆ ရက် ညနေပိုင်းက Quarantine ထားရှိသူများအား တို့ဖတ်ဓါတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ပြီး မန္တလေးမြို့ ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဓါတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ကျန်းမာရေးစစ်ဆေးချက်အရ ရှင်သာမဏေတစ်ပါးနှင့် အမျိုးသမီးတစ်ဦး ထံမှ ကိုဗစ် - ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
Jan 09,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးအတွက် အထောက်အကူပြုကော်မတီနှင့် မြိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အရပ်ဖက် ပူးပေါင်းကော်မတီတို့မှ အလယ်တန်း ကျောင်းများအတွက် ကိုဗစ် -၁၉ ကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်း အခမ်း အနားကို ယနေ့ နံနက်ပိုင်းက အ.ထ.က (ကျွန်းစု) ကျောင်းရှိ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 09,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မွေးမြူရေးဘဏ်စနစ်ဖြင့် တိရိစ္ဆာန် မျိုးကောင်းမျိုးသန့်ဖြန့်ဖြူးခြင်း ရန်ပုံငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဝါးသိင်္ခကျေး ရွာသိမ်ကုန်း ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ လမ်းညွှန်ချက် များနှင့် အညီ ကျင်းပခဲ့‌ကြောင်း သိရသည်။
Jan 09,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အဆောက် အဦသစ် ဆောက်လုပ်နေမှု အခြေအနေများကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 09,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ သစ်ပုလွေကုန်းကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာထွက်ကုန် သီးနှံများအား ဈေးကွက်အတွင်းသို့ ရာသီမရွေး လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်စေရေးတို့အတွက် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးနေမှု အခြေအနေတို့ကို ယနေ့ နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်း စစ်ဆေး ကြသည်။
Jan 09,2021
ဂန့်ဂေါခရိုင် ဆောမြို့နယ် လောင်းရှည်မြို့ဟောင်းတွင် အားကစားကွင်းအား စံချိန်စံညွှန်းမီဖြစ်ရေး ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ဒေသနေပြည်သူများ ပူးပေါင်းပြင်ဆင် လျက်ရှိသည်။