အမြို့မြို့အနယ်နယ်သတင်းများ

Jan 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှ ပေးအပ်သည့် လူမှုရေးပင်စင်ထောက်ပံ့ကြေးများကို ယမန်နေ့ ညနေ ၄ နာရီက တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ဇင်ဦး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်းနှင့် တာဝန်ရှိသူများက သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
Jan 11,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 11,2021
မကွေးတိုင်းဒေသကြီး ၊ နတ်မောက်မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် အတွင်း ကျပ်(၁၀)သန်းနှင့်အထက် ငွေလုံးငွေရင်းလုပ်ငန်းအတွင် တင်ဒါစနစ်ဖြင့် ဝယ်ယူသည့် ပစ္စည်း များအား အရည်အသွေးစစ်ဆေးခြင်းနှင့် လက်ခံရေးကော်မတီမှ စစ်ဆေးလက်ခံခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်ခန့်ကကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 11,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိန္တာကျေးရွာတွင် စိုက်ပျိုးထားသော သကြားပြောင်းစိုက်ခင်းအား ပိုးမွှားအန္တရာယ်ကျရောက်မှု မရှိစေရေးအတွက် ကွင်းဆေးစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 11,2021
မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၁၀ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၁၄)ဦး ထပ်တိုးတွေ့ရှိ ခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၂၈၂၇)ဦးထိ ရှိလာကြောင်း သိရသည်။
Jan 11,2021
မွန်ပြည်နယ်၊ ကျိုက်မ​ရောမြို့၏ သာယာလှပ​သော ရှုခင်းများနှင့် ထင်ရှား​ကျော်ကြား​သော နေရာများကို ခုနှစ်​ခွေ ​တောင်ထိပ်​ ​View Point ပေါ်မှကြည့်ရှုခံစား ရင်း အ​မော​ပြေအပန်း​​​ဖြေစရာ ​နေရာအသစ်များကို ယ​မန်နေ့ နံနက် ၁၀နာရီ က အဆိုပါ ​ ​ခုနှစ် ခွေ ​တောင်ပေါ်၌ ​ပြုလုပ်လျက်ရှိ​ကြောင်း သိရသည်။
Jan 11,2021
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေများအား အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခြင်းကို နံနက်ပိုင်းက မြို့နယ်အတွင်းရှိ သက်ဆိုင်ရာ ရပ်ကွက်များအလိုက် အိမ်တိုင်ရာရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။