Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လေးခန်းတွဲ လေးထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံတည်ဆောက်ရန် ရတနာပန္နက်တော်တင်
Jan 10,2021
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဆီဆိုင်မြို့ရှိ ၀န်ထမ်းများနေထိုင်ရေး အဆင်ပြေစေရန် အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဆီဆိုင်-လွိုင်ကော် ပြည်ထောင်စုလမ်းမကြီးဘေးမြေနေရာ၌ ရှမ်းပြည်နယ် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် တည်ဆောက်မည့် (၄) ခန်းတွဲ၊ (၄) ထပ် ၀န်ထမ်းအိမ်ရာအဆောက်အအုံ ရတနာပန္နက်တော်တင်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါ ၀န်ထမ်းအိမ်ရာတည်ဆောက်မည့် မြေနေရာ၌ ကျင်းပခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ငွေစာရင်းရေးသွင်းနည်းသင်တန်းဖွင့်လှစ်
Jan 10,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြစိမ်းရောင် ကျေးရွာ စီမံကိန်း ငွေစာရင်းရေးသွင်းနည်းသင်တန်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ခေါဇာမြို့တွင် ခွေးရူးရောဂါကာကွယ်ဆေး အိမ်တိုင်ရာရောက် အခမဲ့လိုက်လံထိုးနှံ
Jan 10,2021
"ခွေးရူးရောဂါကင်းစင် မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူး ရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ်စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့်အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင် ခရိုင်၊ ခေါဇာမြို့မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာမှ တာဝန်ခံ ဦးမင်းနေလင်းထွန်းက ခွေးရူးရောဂါ ကာကွယ်ဆေးကို ယနေ့နံနက်ပိုင်းမှ စတင်၍ အိမ်တိုင်ရာရောက်အခမဲ့ လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး
Jan 10,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မြို့နယ် မွေးမြူ ရေးနှင့် ကုသရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ခွေးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်မှ စတင်၍ မြို့နယ်စည်ပင် သာယာရေးဌာနရုံး၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်း၌ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ စာအိတ် (B) များ ဖွင့်ဖောက်စစ်ဆေး
Jan 10,2021
နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ငွေကြေးအဆိုပြုလွှာ စာအိတ် (B) များ ဖွင့်ဖောက် စစ်ဆေးခြင်းကို ဇန်နဝါရီ (၈) ရက်နေ့ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အပြည့်အစုံ ဖတ်ရန်
ဆိပ်ကြီးခနောင်တိုမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်
Jan 10,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မီးဘေးအန္တရာယ်နှင့် အခြားသဘာဝဘေး အန္တရာယ်များ ဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်နိုင်ရေး၊ မီးသတ်စက် ပစ္စည်းများ အား လွယ်ကူကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်နှင့် တပ်ဖွဲ့ဝင်များ စွမ်းရည်ပြည့်ဝစေရန် ရည်ရွယ်၍ လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက်ပိုင်း က မြို့နယ် မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်း၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် လမ်း၊ တံတား လုပ်ငန်းများအား ချပြရှင်းလင်း
Jan 10,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လမ်းဦးစီးဌာန၊ ကျေးလက်လမ်း ဦးစီး ဌာနနှင့် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့် လမ်း၊ တံတားလုပ်ငန်းများအား ချပြ ရှင်းလင်းခြင်းကို ယမန်နေ့ က မြို့နယ်အုပ်ချုပ်ရေးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်ဆည်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ ကာကွယ်ပေး နိုင်ရေး ကြိုတင်ဇာတ်တိုက် လေ့ကျင့်မှုများ ဆောင်ရွက်
Jan 10,2021
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေး၊ သဘာဝ ဘေးအန္တ ရာယ် ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခြင်း လုပ်ငန်းများ ကို အစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၈) နာရီက ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းများ ဆုံးရှုံးမှု မရှိစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့ပါက အချိန်နှင့် တစ်ပြေညီး ကူညီ ကယ်ဆယ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်မှုဖြင့် တပ်ဖွဲ့ဝင်များမှ ဇာတ်တိုက်လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27798
Page
27799
Page
27800
Page
27801
Current page
27802
Page
27803
Page
27804
Page
27805
Page
27806
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department