အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2020
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်း မြပတိုင်ကျေးရွာအုပ်စု နန်းအီခက်ကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းဖွင့်ပွဲကို ကျေးရွာ ကော်မတီဝင်များ ဦးဆောင်၍ ယနေ့ နံနက် ၈နာရီခွဲ အချိန်တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပ ခဲ့ပါသည်။
Dec 30,2020
ညောင်လေးပင်မြို့နယ်မှ ၁၃၉ ဦး၏ ဓါတ်ခွဲနမူနာများအား ဆေးသုတေသန(ရန်ကုန်)သို့ ပေးပို့ စစ်ဆေးခဲ့ရာ ၄ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာအဖြစ် တွေ့ရှိရကြောင်း ယမန့်နေ့ ညက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Dec 30,2020
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပေါက်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူနှင့် တာဝန်ရှိသူများက ပေါက်မြို့နယ် တပ်ကုန်းကျေးရွာအုပ်စု ရွာသစ်ကျေးရွာ မီးဘေးသင့်အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများကို ယမန်နေ့ ညနေပိုင်းက ​​ထောက်ပံ့ပေးအပ်ခဲ့​ကြောင်း သိရသည်။
Dec 30,2020
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ကရင်ပြည်နယ်ဘတ်ဂျက် ခွင့်ပြုရန်ပုံငွေ ၆၉၈,၀၀၀ ကျပ်သန်းဖြင့် ဆောက်လုပ် ရေးဝန်ကြီးဌာန၊ မြဝတီမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူ ကြီးကြပ်ဆောင်ရွက်နေသော မြဝတီမြို့နယ် ဖလူးကြီး-ထီးမယ်ဝါးခီးလမ်းပိုင်း ( ၂/၄ မိုင် x ၁၂ ပေ x ၂၁ လက်မထု ) ကွန်ကရစ်လမ်းခင်းရန် လုပ်ငန်းများဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင် နှင့်အတူ သက်ဆိုင်ရာ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ကောလင်းမြို့နယ် ကြို့ပင်ကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း၀င် အသင်းသားများအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ဆဌမအကြိမ် ထုတ်ချေးပေးအပ်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ထိန်အင်းကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ပရပ်ကြယ်တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံ ယူနေသော ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၄) ဦးသည် သတ်မှတ်ရက် (၁၁) ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့နံနက်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်းသိရသည်။
Dec 30,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထန်းပင်ချိုင်း ( အ.လ.က ခွဲ ) ကျောင်းတွင် ကိုယ်ထူ ကိုယ်ထ တိုးချဲ့ဆောင် ထပ်မံဆောက်လုပ်နေမှုအား ယမန်နေ့နံနက်ပိုင်းက မြို့နယ်ပညာရေးမှူးနှင့် အဖွဲ့ဝင်များ ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြောင်း သိရသည်။
Dec 30,2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စခန်းမကျေးရွာ၊ သာယာအေးကျေးရွာ၊ စာရံအိုင့် ကျေးရွာနှင့် န-လက္ခုပ္ပင်ကျေးရွာ လေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ မြစိမ်းရောင် စီမံကိန်း ရန်ပုံငွေကျပ်သိန်း (၁၇၀၀)ကျော်ကို ယမန်နေ့ နံနက်ပိုင်းက ထုတ်ချေးပေးအပ် ခဲ့ကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှသိရသည်။