အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2020
ဂန့်ဂေါမြို့ မြောက်ကုန်း(ရေဘုတ်) ရပ်ကွက် မုဒိတာလမ်းတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ က ကျောက်ချောလမ်းခင်းလျက်ရှိပြီး စံချိန်စံညွှန်းမီလမ်းဖြစ်ရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး ကြကြောင်း သိရသည်။
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ပြည်သူ့အဌားအိမ်ယာအိတ်စွပ်တွင်ဆေးကုသမှုခံယူနေသည့် ကိုဗစ်-၁၉ကပ်ရောဂါကူး အတည်ပြုလူနာ(၄)ဦးတို့သည် ဆေးရုံဆင်းသတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေး ကောင်းမွန်သဖြင့် ဒီဇင်ဘာလ ၂၉ရက်နေ့ကဆေးရုံမှဆင်းလိုက်ပြီဖြစ်ကြောင်းသိရသည်။
Dec 30,2020
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် တင်ဒါရလုပ်ငန်းများ ချပြရှင်းလင်းပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦစီးဌာန အစည်းအဝေးခန်မတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 30,2020
ဖလမ်းမြို့ ပြည်သူ့ဆေးရုံကြီး ကုသရေးဦးစီးဌာန ၂၀၂၀ ပြည့်နှစ်အတွင်း ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည် အကောင်းဆုံး ဆုများ ချီးမြှင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက အဆိုပါဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
Dec 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထောက်ပံ့ပေးသော အခြေခံ စားကုန်များနှင့် ထောက်ပံ့ကြေး တစ်ကြိမ်တခါမျှ မရရှိသေးသော အခြေခံလူတန်းစား အိမ်ထောင်စု ၃၃၈၅ စုအား ထောက်ပံ့လှူဒါန်း ပေးခြင်းကို ပါလျံဘုံကျောင်းခန်းမ၌ ယနေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
Dec 30,2020
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့ မြို့မစျေး၌ ယနေ့နံနက် ၈ နာရီက မြို့နယ်မီးသတ် ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေး ကော်မတီတို့ပူးပေါင်းပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်မှုကို ဆောင်ရွက်ခဲ့ကြသည်။
Dec 30,2020
စစ်ကိုင်းတိုင်းဒေသကြီးရှိ ချင်းတွင်းမြစ်အတွင်း ပြေးဆွဲလျက်ရှိသော ကုန်တင်ရေယာဉ်များနှင့် လူစီး အမြန်ရေယာဉ်များအနေဖြင့် မြန်မာ့အာမခံလုပ်ငန်းတွင် ရေကြောင်းအာမခံထားရှိမှု အနည်းငယ်သာ ရှိကြောင်း မြန်မာ့အာမခံလုပ်ငန်း (စစ်ကိုင်းတိုင်းဒေသကြီးရုံး)မှ ဒုတိယတိုင်းဒေသကြီး တာဝန်ခံ ဦးတင်ထွန်း ၏ ပြောကြား ချက်အရ သိရသည်။