အမြို့မြို့အနယ်နယ်သတင်းများ

Dec 30,2020
မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ကုမ္ပဏီများအတွက် အခြေခံလိုအပ်သည့် အချက်များအား အသိပညာပေး ရှင်းလင်း ဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက လွိုင်ကော်မြို့နယ်၊ နောင်ယား (က)ရပ်ကွက်ရှိ GOLD Hotel ၌ ကျင်းပပြုလုပ်ခဲ့ သည်။
Dec 30,2020
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ အမှတ် (၃)ရပ်ကွက်မှ အိုက်မုန့် ဆိုသူ အမျိုးသားသည် တာလေမြို့မှ ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ သွားရောက်နေရာမှ ပြန်လည် ရောက်ရှိနေကြောင်း သိရှိရသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်၍ ဒီဇင်ဘာလ ၂၉ ရက် ညပိုင်းက ၄င်းနေထိုင်သည့် နေအိမ်တွင် အသွားအလာကန့်သတ် Home Quarantine ထားရှိခဲ့ကြောင်း သိရသည်။
Dec 30,2020
ကရင်ပြည်နယ် ​လှိုင်းဘွဲမြို့နယ် ဂျို့ချောင်းကျေးရွာ တောင်သူဦးအာဘီ၏ ဆောင်းသီးနှံမြေပဲ စိုက်ခင်း ဂျပန်ကြီးမျိုး စံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းဆောင်ရွက်ခဲ့ရာ အထွက်နှုန်း ကောင်မွန်ကြောင်း သိရသည်။
Dec 30,2020
အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနအား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနသို့ လွှဲပြောင်းရောက် ရှိသည့် (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုသောအားဖြင့် မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်‌ရေး ဦးစီးဌာန ဝန်ထမ်းများ က ရွှေမုဋ္ဌောဘုရားပရဝဏ် အတွင်း၌ ဒီဇင်ဘာ ၂၈ရက်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး များ ဆောင်ရွက်ခဲပြီး နေ့ လည်ပိုင်းတွင် မြို့နယ်ရုံးခန်းမ၌ ဝန်ထမ်းများကို တူညီဝတ်စုံများပေးအပ်ခဲ့ကြောင်းသိရသည် ။
Dec 30,2020
တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီ အစည်းအဝေး(၂/၂၀၂၀) အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ က ထားဝယ်မြို့၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။
Dec 30,2020
လွိုင်ကော်မြို့နယ် ပညာရေးကောလိပ်တွင် ဖွင့်လှစ်ထားရှိသော Community Based Facility Quarantine Center တွင် အသုံးပြုလျက်ရှိသည့် လျှပ်စစ်မော်တာပန့်များ ပြုပြင်ဆောင်ရွက်နိုင်ရန် အတွက် ယမန်နေ့ မွန်းလွဲပိုင်းက ကယားပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဝန်ကြီးချုပ်ရုံးခန်း၌ လျှံထူးအောင် ကုမ္ပဏီမှ ငွေကျပ်(၁၀)သိန်းအား လာရောက်လှူဒါန်းရာ ကယားပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘောစ့်ကိုက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
Dec 30,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းဈေးနှင့် ထီးတန်းလမ်းမ တစ်လျှောက်၊ သီတာရပ်ကွက်ထိ ပျံကျ​စျေး​ရောင်းချရာ​နေရာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်​ရေးအတွက် mask တပ်ဆင်ပြီးသွားလာကြရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ညွှန်ကြားချက်များ လိုက်နာ ရန် အသိပေးခြင်းနှင့် စည်းကမ်းထိန်းသိမ်းခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ သည်။
Dec 30,2020
မြို့နယ်ဖွံ့ဖြိုးတိုးတက်သာယာလှပစေရန်နှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်များဖြစ်လာ စေရန်အတွက် ရန်ကုန်အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား ယမန်နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။