အမြို့မြို့အနယ်နယ်သတင်းများ

Dec 29,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ် သာသနာ့ရိပ်သာရပ်ကွက် ရန်ကုန်-ပဲခူးလမ်းဘေး မင်းကျောင်းရိုးမြောင်းထဲသို့ ယနေ့နံနက်(၅)နာရီ(၁၅)မိနစ်ခန့်က (၁၂)ဘီးယာဉ် အရှိန်မထိန်းနိုင်ဘဲ ရိုးထဲ ထိုးကျခဲ့ကြောင်း သိရသည်။
Dec 29,2020
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ ကိုဗစ်- ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းစဥ်များတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေး လျက်ရှိသော Volunteer များအားကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) မှပေးအပ်သော ချီးမြှင့်ငွေ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်(၂)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် သူနာပြု နှီးနွယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 29,2020
မော်လမြိုင်ကျွန်းမြို့နယ် အထက(၁)ကျောင်းတော်ကြီး၌ အသက်(၆၀)နှစ်အထက်အငြိမ်းစား ဆရာကြီး၊ ဆရာမကြီးများ ပူဇာ်ကန်တော့ပွဲကို ဒီဇင်ဘာလ၃၁ရက် ည(၇)နာရီတွင် ကျင်းပမည်။
Dec 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်စီမံခန့်ခွဲ့မှုကော်မတီမှ ဦးဆောင်ကျင်းပသော တောင်ကြီးမြို့ သဘာဝ အရင်းအမြစ် ထိန်းသိမ်းရေး တာဝန်ပေးအပ်ပွဲနှင့် တောင်ကြီးခရိုင် Mask Campaign တိုးမြှင့်ဆောင်ရွက်ရေး အစည်း အဝေးကို ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Dec 29,2020
မန္တလေးတိုင်းဒေသကြီးအတွင်းမှီတင်းနေထိုင်ကြကုန်သော ရဟန်းရှင်လူ ပြည်သူအများ အန္တရာယ်ကင်းရှင်းစေရန်နှင့် COVID-19 ရောဂါကပ်ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကင်းလွတ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများနှင့် စီးပွားဥစ္စာများ ပေါကြွယ်ဝစေခြင်း အကျိုးတရားများကို ရည်ရွယ်၍ နှစ်ဦးပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း ကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက် မှ ၃ ရက်အထိ နေ့စဉ် ညနေ(၃) နာရီ တွင် မန္တလေးခရိုင် အတွင်းရှိနေရာ (၁၀)နေရာ၌ COVID-19 ညွှန်ကြားချက်များနှင့်အညီ ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။
Dec 29,2020
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာထွက် ဆောင်းသီးနှံ ရာသီစာ ကုန်စိမ်း ပန်းမုံလာများ လှိုင်လှိုင်ပေါ် ထွန်းသည့် ကာလဖြစ်သည့်အတွက် ပန်းမုံလာစိုက်ပျိုးသူများ အဆင်ပြေ ကြကြောင်း သိရှိရသည်။
Dec 29,2020
ကော့သောင်းမြို့နယ်၊ ပင်လယ်တံငါရွာတစ်ချို့တွင် ကိုဗစ်၁၉ရောဂါထိန်းချုပ်မှုကာလအတွင်း အလုပ်အကိုင် အခွင့်အလမ်းများ အခက်အခဲဖြစ်ပေါ်ခဲ့ကြရာ ယခု လပိုင်းအတွင်း ပင်လယ်ရေလုပ်သားမိသားစုများ “ဘဝဲပိုင်” ခေါ် ပင်လယ်ရေဘဝဲ ဖမ်းယူသည့် လုပ်ငန်းဖြင့် မိသားစုစားဝတ်နေရေး အခက်အခဲတစ်ချို့ အဆင်ပြေလျှက်ရှိကြောင်း သိရသည်။